top of page

၀ိုင်းမော်‌ ဒေသဘက် စစ်ရေးလှုပ်ရှားမှု ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ ဩဂုတ်၊ ၂၀၂၅။


၀ိုင်းမော်- ၀ူယန်ဒေသဘက်တွင် ဩဂုတ်လ ၈ ရက် ညနေပိုင်းအချိန်မှစပြီး လက်နက်ကြီးအသံများ တရစပ်ကြားနေရသောကြောင့် ၀ိုင်းမော်ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။


ယမန်နေ့ဩဂုတ် ၉ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်သံများ တရစပ်ကြားနေရပြီး လေယာဥ်ဗုံး လာရောက်ပစ်ခတ်ခြင်းများ ရှိသည်ဟု ဆိုသည်။


ရှေ့တန်းသတင်းရင်းမြစ်များ ပြောဆိုချက်အရ စစ်တပ်က ၀ိုင်းမော်-ကန်ပိုင်တည်ဒေသကို ပြန်လည်ရရှိရန် ကြိုးပမ်းနေပြီး၊ မိုးရွာသည့်နေ့တွင် မြေပြင်စစ်ကြောင်းအပြင် လက်နက်ကြီးပစ်ခတ်ခြင်း၊ မိုးမရွာချိန်မှာတော့ လေယာဥ်ဖြင့် ဗုံးလာရောက်ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။


အချို့နိုင်ငံရေးလေ့လာသုံးသပ်သူများက စစ်ကောင်စီ၏ ရွေးကောက်ပွဲနီးလာသောကြောင့် ၀ိိုင်းမော်ဒေသကို သိမ်းပိုက်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်ပြောဆိုကြသည်။


သတင်း- ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page