top of page

၂၀၂၄ ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ်ရှိ တိုက်ပွဲများနှင့်စစ်ရေးဆိုင်ရာအချက်အလက်များ

  • Writer: Pajau Media
    Pajau Media
  • Jan 17, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၁၇ရက်၊ဇန္နဝါရီ၊၂၀၂၅။



မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း (၅၉)ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း (၁၀)ကြိမ် ဖြစ်ပွားခဲ့ကြောင်း BNI-Myanmar Peace Monitorမှ သိရသည်။


အဆိုပါ တိုက်ပွဲများကြောင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ ကချင်နှင့် မန္တလေးတိုင်းမှ အရပ်သားပြည်သူပေါင်း (၃၂၀၆၀)ဦးမှာ ဘေးလွှတ်ရာသို့ စစ်ဘေးရှောင်ခဲ့ကြရပြီး၊ ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ဦးရေမှာ တစ်ထောင်နီးပါး ရှိခဲ့သည်။


ထို့အပြင် တိုက်ပွဲအတွင်း အသုံးပြုခဲ့သည့် လေကြောင်း၊ လေယာဉ်ဗုံး၊ ဒရုန်းနှင့် လက်နက်ကြီးများကြောင့် ဒီဇင်ဘာတစ်လတာအတွင်း ကချင်ပြည်နယ်မှ အရပ်သားသေဆုံးသူ (၄၁)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၅၃)ဦးအထိ ရှိခဲ့ပြီး၊ တစ်နိုင်ငံလုံးတွင် ထိခိုက်သေဆုံးမှု အများဆုံးပြည်နယ်ဖြစ်ခဲ့သည်။





ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်ပြည်နယ်ရှိ မြို့ပေါင်း(၁၄)မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး၊ သိမ်းပိုက်ထားသော မြို့များမှာ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆဒုံး၊ မြို့လှ၊ ကံပိုင်တီ၊ ဆော့လော်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ မိုးမောက်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်နှင့် မံစီမြို့တို့ ဖြစ်ပါသည်။


လက်ရှိအချိန်ထိ KIAနှင့်မဟာမိတ်ပူးပေါင်းတပ်များက ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆက်လက်တိုက်ပွဲဆင်နွှဲနေပြီး၊ မြို့တွင်းနေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို ၂၀၂၄ခုနှစ်ဒီဇင်ဘာ၄ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၊ ဇန္နဝါရီလ ၈ရက်နေ့တွင် မံစီမြို့အပါအဝင် မံစီမြို့ဧရိယာအတွင်းရှိ စစ်ကောင်စီတပ်၏ စခန်းကြီးငယ်အားလုံးကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။


သတင်း ဖရိန်း

Comments


Pajau Media

Thanks for subscribing!

bottom of page