top of page

၂၀၂၆ခုနှစ် ပညာသင်နှစ်အတွက် KSCUကျောင်းအပ် စတင်လက်ခံနေပြီ

  • Writer: Pajau Media
    Pajau Media
  • Oct 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


Kachin State Comprehensive University (KSCU) တက်မည့် ကျောင်းသား/သူများအတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းကို နိုင်ဝင်ဘာ ၃ရက်နေ့မှစ၍ စတင်လက်ခံမည်ဖြစ်ကြောင်း သိရသည်။


KSCUကျောင်းတွင် တက်ရောက်သင်ကြားသွားနိုင်မည့် ကျောင်းသားများမှာ ၂၀၂၀ပညာသင်နှစ်အစောပိုင်း မြန်မာအစိုးရကျောင်း(၁၀)တန်းအောင်ထားသူ၊ GED၊ IGSCE အောင်ထားသူ၊ Kachin Education Department (KED)အထက်တန်းအောင်ထားသူ၊ Basic Education Completion Assessment လက်မှတ်ရထားသူ စသည့် KSCUကျောင်းမှ သတ်မှတ်ထားသည့် စံနှုန်းနှင့်ပြည့်မှီသူများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


KSCUကျောင်းကို လိုင်ဇာမြို့တွင် ဖွင့်လှစ်ထားပြီး၊ စစ်အာဏာရှင် အချုပ်အချာအာဏာသိမ်းပြီးနောက် NUGအစိုးရလမ်းစဉ်အောက် ဖွင့်လှစ်သင်ကြားနေသည့် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းဖြစ်သည်။


KSCU ကျောင်းတွင် School of Medical Sciences, School of Nursing Sciences, School of Technology, School of Economics, School of Agricultureနှင့် School of Arts And Sciences စသည့်မေဂျာများဖြင့် သင်ကြားပေးနေပြီး၊ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page