top of page

(၄)လအတွင်း လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူ (၃၀၀) ကျော်ရှိလာ

  • Writer: Pajau Media
    Pajau Media
  • Dec 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊ဒီဇင်ဘာ၊၂၀၂၄။




စစ်ကောင်စီတပ်က မြန်မာနိုင်ငံ ပြည်တွင်းစစ်တွင် လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူ နေထိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် အရပ်သားသေဆုံးမှုမှာ လပိုင်းအတွင်း ရာဂဏန်းရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှဖော်ပြထားသည်။


မြန်မာနိုင်ငံတစ်ဝန်း (၄)လ အတွင်း စစ်ကောင်စီ၏ လက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်နှင့် လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသူ ၂၄၀ ဦး ရှိပြီး စုစုပေါင်း ၃၀၀ကျော်ရှိကြောင်း ဖော်ပြထားသည်။


လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်မှု ကြောင့် သေဆုံးသူများအထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ် အောက် ကလေး ၆၆ ဦး ပါဝင်နေပြီး၊ လေကြောင်းရန်ကြောင့် သေဆုံးမှု အများဆုံးဒေသများမှာ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ကြောင်း AAPP က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ဖော်ပြချက်မှာ ၂၀၂၄ သြဂုတ်လ ၁ ရက်နေ့မှ နိုင်ဝင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းများဖြစ်ကြောင်းသိရသည်။


လက်ရှိ ကချင်ပြည်နယ်၊ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှလေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်‌ဆောင်နေသောကြောင့် အရပ်သား သေဆုံးမှု ၁၀၀ နီးပါး ရှိလာကြောင်း ဒေသ သတင်းများတွင် ဖော်ပြနေကြသော်လည်း ဖုန်းနှင့်အင်တာနက် ဖြတ်တောက်ထားမှု ကြောင့် အချက်အလက် အတိအကျ ရရှိရန် ခက်ခဲနေဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page