top of page

PAJAU MEDIA CHANNEL


ပူတာအိုဒေသမှ စစ်တပ်ဖမ်းဆီးထားသည့် စတားလင့်စက်များ ငွေဖြင့်ပြန်ရွေးပြီး အသုံးပြုနေ
ပါဂျောင်မီဒီယာ ၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ပြီးခဲ့သည့်အပတ်မှစပြီး ပူတာအိုဒေသတွင်း စစ်ကောင်စီမှ စတားလင့်ဝိုင်ဖိုင်များ သိမ်းဆည်းထိန်းထိမ်းခြင်းများ လုပ်ဆောင်လာသောကြောင့် ဝိုင်ဖိုင်အသုံးပြုခွင့် နည်းပါးလာသော်လည်း မချမ်းဘော့ဒေသတွင် ဒီဇင်ဘာ၁၅ရက်နေ့ကတည်းက စတားလင့်ဝိုင်ဖိုင်စက်များ ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “ရှေ့တစ်ပတ်လုံး စစ်တပ်က စတားလင့်စက်တွေ လိုက်ဖမ်းနေလို့ လိုင်းမသုံးခဲ့ရဘူး။ မနေ့ကမှ လိုင်းပြန်ရတာ။ စတားလင့်စက်တွေကိုတော့ ပိုင်ရှင်တွေက ၁၅သိန်းပေးပြီး

Pajau Media
Dec 16, 20251 min read


ကြာရာပတီးရပ်ကွက်တွင်း စစ်ဆေးခြင်း ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ သတိထားသွားလာနေရ
ပါဂျောင်မီဒီယာ ၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။ စစ်ကောင်စီက မြစ်ကြီးနားမြို့တွင်း လမ်းဆုံ၊လမ်းခွ နေရာများတွင် ရံဖန်ရံခါ တားဆီးစစ်ဆေး မေးမြန်းခြင်းများ ပုံမှန်လုပ်ဆောင်နေရာ ကြာရာပတီးကျေးရွာဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကားများဖြင့် လမ်းများပေါ်တွင် ရပ်နားကာ တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် စိုးရိမ်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူတို့က အဲ့တစ်နေရာမှာပဲ အချိန်ပြည့် နေနေတာမျိုးတော့ မဟုတ်ဘူး။ စိတ်ပေါက်ရင်ပေါက်သလို စစ်ကားနဲ့ လမ်းပေါ်ရပ်နားပြီး တားဆီးစစ်ဆေးတယ်။ အဲ့အချိန် ဖြတ်သွားဖြတ

Pajau Media
Dec 16, 20251 min read


၁၂ရက်အတွင်း အရပ်သား (၄၃)ဦး သေဆုံးဟု AAPPထုတ်ပြန်
ပါဂျောင်မီဒီယာ ၁၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ဒီဇင်ဘာ၁ရက်နေ့မှ ၁၂ရက်နေ့အတွင်း အမျိုးသမီး(၁၂)ဦးနှင့် အမျိုးသား(၃၁)ဦး စုစုပေါင်း ပြည်သူ(၄၃)ဦးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။ ထိုအရေအတွက်တွင် (၃၄)ဦးမှာ စစ်ကောင်စီ၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး၊ (၅)ဦးမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့်အပြင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည့် သေဆုံးအရပ်သား(၇၄)ဦး၏ ရုပ်အလောင်းများလည်း ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၈ရက

Pajau Media
Dec 15, 20251 min read


မြစ်ကြီးနား-ရွှေဘို ကားလမ်း ပိတ်ထားဆဲဖြစ်လို့ ကားအချို့ နောက်ပြန်လှည့်
ပါဂျောင်မီဒီယာ ၁၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။ မြစ်ကြီးနား-ရွှေဘို ကားလမ်းပိုင်းကို ပိတ်ထားဆဲဖြစ်သောကြောင့် ကားတချို့ နောက်ပြန်လှည့်နေရကြောင်း ကားသမားများပြောပြချက်အရ သိရသည်။ မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက ယနေ့တိုင် ပိတ်ထားဆဲဖြစ်သောကြောင့် ကုန်တင်ယာဉ်များရာချီ ပိတ်မိနေကြောင်း ကားသမားများက ပြောသည်။ "ကားလမ်းက ဆက်တိုက်ပိတ်ထားတော့ ကားတစ်ချို့ ပြန်ခေါက်ကြပြီး တချို့ကလည်း စောင့်နေကြတယ်"ဟု ကားသမားတစ်ဦးက ပြောသည်။ စစ်တပ်က မြစ်ကြီးနားဘက်တက်မည့်ကားများကို ပိတ်ထားပြီး အဆင်

Pajau Media
Dec 15, 20251 min read


ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၀၆ ခုမှာ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စကမ ထုပ်ပြန်
ပါဂျောင်မီဒီယာ ၁၄ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

Pajau Media
Dec 14, 20251 min read


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၁၃ရက်၊ ဒီဇင်ဘာလ၊၂၀၂၅ခုနှစ်။

Pajau Media
Dec 13, 20251 min read


မြစ်ကြီးနား-မန္တလေးကားလမ်း စကစ ပိတ်ပင်ထား
ပါဂျောင်မီဒီယာ ၁၃ရက်၊ဒီဇင်ဘာ၊၂၀၂၅။ မြစ်ကြီးနား-မန္တလေးကုန်သွယ်ရေး လမ်းကြောင်းအား ဒီဇင်ဘာ ၈ရက်နေ့မှစပြီး ထပ်မံပိတ်ပင်လိုက်သောကြောင့် ကားအစီးရေ အများအပြား ပိတ်မိနေကြောင်း ကားသမားများထံမှ သိရသည်။ ယင်းလမ်းကြောင်းကို စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့များက ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ပိတ်ထားကြောင်း သိရသည်။ ကားလမ်းအား စစ်ကောင်စီဘက်မှ ပိတ်လိိုက်ခြင်းဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းကြောင့် ပိတ်သည်မှာ ကားသမားများ မသိရကြောင်း ပြောသည်။ အတက်ကားများကို စစ်ကိ

Pajau Media
Dec 13, 20251 min read


ရွေးကောက်ပွဲနီးလာချိန် ပူတာအိုမြို့နယ်တွင်း စစ်တပ်က စစ်အင်အားတိုးချဲ့လာဟု ဒေသခံများပြော
ပါဂျောင်မီဒီယာ ၁၂ရက်၊ဒီဇင်ဘာ၊၂၀၂၅။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲရက် နီးကပ်လာသည့်နှင့်အမျှ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်နှင့် ခေါင်လန်ဖူးဒေသများတွင် စစ်ကောင်စီက စစ်အင်အားပိုမို တိုးချဲ့ကာ ထိုးစစ်ဆင်နေပြီး လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။ ပူတာအို-မြစ်ကြီးနားလမ်းပိုင်းဖြင့်သည့် တန်ဂျာကျေးရွာ၏ အရှေ့ဘက်နှင့် မလိခမြစ်တစ်လျှောက် နေရာများတွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုမျ

Pajau Media
Dec 12, 20251 min read


မြစ်ကြီးနားမြို့တွင်း တပ်သားသစ်စုဆောင်းခြင်း လုပ်ဆောင်နေ
ပါဂျောင်မီဒီယာ ၁၂ရက်၊ ဒီဇင်ဘာ၊၂၀၂၅။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူငယ်လူရွယ်များကို ယခုရက်ပိုင်း စစ်တပ်မှ စစ်မှုထမ်းတပ်သားအဖြစ် လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ စစ်ကောင်စီတပ်များသည် ည ၇ နာရီနောက်ပိုင်း မြို့တွင်းသွားလာနေသည့် လူငယ်များကိုသာမက wifi ဆိုင်များတွင် wifi အသုံးပြုနေသည့် သူများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရသိရသည်။ "ညစျေးသွား ဟိုသွားဒီသွား သွားလာနေကြတဲ့ သူတွေကိုဘဲ ဖမ်းနေတာမဟုတ်ဘူး wifi ဆိုင်တွေမှာ wifi အသုံးပြုနေကြတဲ

Pajau Media
Dec 12, 20251 min read


ကချင်ပြည်နယ်မှ နယ်မြေ(၁၀၆)ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း UEC ထုတ်ပြန်
ပါဂျောင်မီဒီယာ ၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)တို့တွင် ကချင်ပြည်နယ်မှ ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း (၁၀၆)ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေကောက်ပွဲကျင်းပမည် မဟုတ်ဟု ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲမကျင်းပရန် ကြေညာထားသည့် နယ်မြေများမှာ ရွေးကောက်ပွဲအပိုင်း(၁)တွင် တနိုင်းမြို့နယ်၊ ခေါင်လန်ဖူးမြိ

Pajau Media
Dec 11, 20251 min read


လွတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိ
ပါကျောင်မီဒီယာ ၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။ စစ်တပ်၏ ပုဒ်မ ၅၀၅ (က) ဖြင့် မတရားဖမ်းဆီးခံထားရသူများမှ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ နိုင်ငံရေးအကျဉ်းသားများ အများစု လွတ်မြောက်လာမှုမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထုတ်ပြန်ချက်မှ သိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို ရွေးကောက်ပွဲအတွက

Pajau Media
Dec 11, 20251 min read


ဆောင်းအဝင် စစ်ရှောင်များ အနွေးထည်နှင့် စောင်များ အရေးတကြီးလိုအပ်နေ
ပါဂျောင်မီဒီယာ ၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။ နမ္မတီးကျေးရွာသို့ တိမ်းရှောင်လာကြသည့် ဖားကန့်လမ်းနှင့် လီဒိုလမ်းပေါ်မှ စစ်ရှောင်များ အစားအသောက်အပြင် အနွေးထည်၊ စောင်များ လိုအပ်နေကြကြောင်း စစ်ရှောင်များထံမှ သိရသည်။ နမ္မတီးဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဖားကန့်လမ်းတစ်လျှောက်နှင့် တနိုင်း-လီဒိုလမ်းပေါ်မှ ဒေသခံများမှာ အနွေးထည်နှင့် အစားသောက်များ လိုအပ်နေကြပြီး၊ မိသားစုဝင်များပြားသည့် အိမ်ထောင်စုများမှာ ပို၍ခက်ခဲနေကြသည့်အပြင် ကူညီထောက်ပံ့မှုများလည်း လျော့နည်းလာသောကြောင့် ပိုမိုခက်ခဲနေကြရသည်

Pajau Media
Dec 11, 20251 min read


ပူတာအိုမြို့တွင်း၌ Starlink Wifi စက်များ စစ်ကောင်စီမှ ဖမ်းဆီးနေ
ပါဂျောင်မီဒီယာ ၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ပူတာအိုမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဒီဇင်ဘာ ၉ရက်နေ့မှစတင်ကာ ရပ်ကွက်အသီးသီးရှိ အင်တာနက်ဆိုင်များတွင် တပ်ဆင်ထားသော စတားလင့်စက်များ အားလုံးကို လိုက်လံဖမ်းဆီး သိမ်းဆည်းနေကြောင်း ဒေသခံများ ပြောပြချက်မှ သိရသည်။ "မနေ့ကနေစပြီးတော့ သတင်းတွေ စထွက်လာတယ်။ ဒီနေ့တော့ ငါတို့လုံးဇွတ်ရပ်ကွက်နဲ့ လေယာဉ်ကွင်းဘက်မှာရှိတဲ့ ဆိုင်တွေအားလုံး ဝင်သိမ်းကုန်ပြီ။ ဘာအကြောင်းပြချက်မှလည်း မပြောဘူး၊ ဘယ်ကိုဘယ်လိုလိုက်လို့ လိုက်ရမှန်းလည်းမသိဘူး" ဟု မြို့ခံ Starlink စက်ပိုင်ရ

Pajau Media
Dec 11, 20251 min read


မြစ်ကြီးနားမြို့တွင် နေ့တစ်ရက်တည်း ယာဉ်တိုက်မှု ၃ခုထိ ဖြစ်ပွား
ပါဂျောင်မီဒီယာ ၁၀ရက်၊ဒီဇင်ဘာလ၊၂၀၂၅။ မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း ယာဥ်တိုက်မှု ၃ခုထိရှိခဲ့ပြီး၊ တစ်ဦးသေဆုံးခဲ့ကြောင်း မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၉ရက်နေ့ တစ်ရက်ထဲတွင် တပ်ကုန်းရပ်ကွက် နိုင်းစတား ဆီဆိုင်အနီး ဆိုင်ကယ်ဖြင့် မတော်တဆဖြစ်မှု ရှိခဲ့သည့်အပြင် ရန်ကြီးအောင် Htoo ဆီဆိုင်အနီးတွင်လည်း နောက်ထပ်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ အက်စီဒန့်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အင်

Pajau Media
Dec 10, 20251 min read


ဟိုပင်နှင့် မိုးကောင်းမြို့ထဲက KIAတပ်စခန်းနှစ်ခု လက်လွတ်ခဲ့ရ
ပါဂျောင်မီဒီယာ ၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၅။ စစ်ကောင်စီပူးပေါင်းတပ်၏ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးကောင်းမြို့ထဲက KIA ပူးပေါင်းတပ်၏ တပ်စခန်းနှစ်ခုကို ယခုရက်ပိုင်းအတွင်း လက်လွတ်ခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ KIA ပူးပေါင်တပ်တို့ လက်လွှတ်လိုက်ရသည့် တပ်စခန်းနှစ်ခုမှာ ဟိုပင်မြို့အရှေ့ဘက်ခြမ်းရှိ တပ်စခန်းတစ်ခုနှင့် မိုးကောင်းမြို့ဟောင်းအနီး ပါခုတ်တောင်ကုန်းပေါ်က တပ်စခန်းတို့ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် SNA တပ်များက KIAပူးပေါင

Pajau Media
Dec 10, 20251 min read


စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် KHRW တောင်းဆို
ပါဂျောင်မီဒီယာ ၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ဒီဇင်ဘာ ၁၀ရက်နေ့သည် (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး၊ ယင်းနေ့တွင် KHRWမှ စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာ တရားစစ်ခုံရုံးမှ သတ်မှတ်ပေးရန် တိုက်တွန်းပြောဆိုချက် ထုတ်ပြန်ထားသည်။ ယခုနှစ် (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်မှာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး၊ Our Voice , Our Fight, Our Right" ဖြစ်ပြီး၊ နိုင်ငံတကာတွင် အဆိုပါနေ့ကို လွတ်လွတ်လပ်လပ် ကျင်းပပြုလုပ်ခွင့်ရှိသော

Pajau Media
Dec 10, 20251 min read


ကားမိုင်းဒေသ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒေသခံ(၂၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်နေ
ပါဂျောင်မီဒီယာ ၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ဖားကန့်လမ်း ကားမိုင်း(၈)မိုင်ဒေသတွင် စစ်ကောင်စီက စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားကာ ချီတက်လာသောကြောင့် KIAပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကာင်စီက ကားမိုင်းဒေသတွင် ဒီဇင်ဘာ ၆ရက်နေ့ကတည်းက စစ်အင်အားဖြင့် စစ်ကြာင်းချီတက်လာခြင်းဖြစ်ပြီး၊ KIAပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်သောကြောင့် တိုက်ပွဲပြင်းထန်နေသည့်အပြင် ယင်းဒေသမှ ဒေသခံ (၂၀၀)နီးပါးလည်း နီးစပ်ရာ တောတောင် နေရာများတွင် ကိုယ်ထူကိုယ

Pajau Media
Dec 9, 20251 min read


နိုဝင်ဘာလအတွင်း အမျိုးသမီး(၅၁)ဦး သေဆုံး
ပါဂျောင်မီဒီယာ ၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာလအတွင်း အမျိုးသမီး (၅၁)ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမ္မဂ(BWU)က ထုတ်ပြန်ထားသည်။ အဆိုပါသေဆုံးသူ အမျိုးသမီးများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်ခံရမှု၊ မတရားသတ်ဖြတ်ခံရမှု၊ မြေမြုပ်မှိုင်း၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အကျဉ်းထောင်အတွင်း နှိပ်စက်ခံရမှုတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ သေဆုံးသူ(၅၁)ဦးထဲမှ ၆ဦးမှာ အသက်(၁၈)နှစ်အောက် အမျိုးသမီးမျာ

Pajau Media
Dec 9, 20251 min read


ဖားကန့်မြို့နယ်တွင် ရွေးကောက်ပွဲ လူထုဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ပါဂျောင်မီဒီယာ ၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဖားကန့်မြို့နယ်လုံးဆိုင်ရာ သပိတ်အင်အားစုများက တရုတ်အစိုး၏ ထောက်ပံ့ကူညီ အားပေးမှုဖြင့် စစ်ကောင်စီ ပြုလုပ်ကျင်းပသွားမည့် ရွေးကောက်ပွဲ လူထုဆန့်ကျင်ရေးကို ယမန်နေ့ ဒီဇင်ဘာ ၈ရက်နေ့တွင် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်တပ်က ကျင်းပသွားမည့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒီဇင်ဘာ ၁၀ရက်နေ့တွင် အသံတိတ် သပိတ်ပြုလုပ်ခြင်းဖြင့် ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆန့်ကျင်ကြရန် ဖားကန့်မြို့နယ်...

Pajau Media
Dec 9, 20251 min read


လုံးခင်းအုပ်စု မလောင်ကျေးရွာထဲ လက်နက်ကြီးကျရောက်သောကြောင့် မိသားစုဝင် (၃)ဦး သေဆုံးခဲ့
ပါဂျောင်မီဒီယာ ၈ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅။ ဖားကန့်မြို့နယ်၊ မလောင်ကျေးရွာထဲတွင် ယမန်နေ့ ဒီဇင်ဘာလ (၇) ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မိသားစုဝင် (၃)ဦး သေဆုံးခဲ့ကြောင်း ဖားကန့်ဒေသခံများ ပြောပြချက်အရ သိရသည်။ ယမန်နေ့ ညနေပိုင်းတွင် စစ်ကော်မရှင်တပ်မှ ဒရုန်းနှင့် လက်နက်ကြီးတို့ဖြင့် လူနေအိမ်ဘက် ရမ်းတမ်းပစ်ခတ်မှုကြောင့် လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာထဲရှိ နေအိမ်တစ်အိမ်တွင် ဗုံးကျရောက်ပေါက်ကွဲကာ မိသားစုဝင် (၃)ဦးသေဆုံးကာ လသားအရွယ် ကလေးတစ်ဦးသာ အသက်ရှင်ခဲ့ကြော

Pajau Media
Dec 8, 20251 min read
bottom of page