top of page

PAJAU MEDIA CHANNEL


တက္ကသိုလ်တက်မည့် ကျောင်းသားများ ကြိုတင်မဲပေးနေရ
ပါဂျောင်မီဒီယာ ၂ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။ မြန်မာနိုင်ငံတွင်းရှိ မြို့နယ်တစ်ချို့တွင် တက္ကသိုလ်ကျောင်းတက်မည့်သူများ မည်သူမဆို ကြိုတင်မဲပေး လက်မှတ်မရှိလျှင် ကျောင်းတက်ခွင့်မရှိကြောင်း သိရသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် မြို့နယ် ၁၀၂ မြို့နယ်တို့ ပါဝင်နေသည်။ တက္ကသိုလ်ကျောင်းတက်မည့် ကျောင်းသား၊ ကျောင်းသူများ စစ်အုပ်စုပြုလုပ်ကျင်းပမည့် ရွှေးကောက်ပွဲတွင် မဲမပေးလျှင် တက္ကသိုလ်တက်ခွင့်မရှိကြောင်းနှင့် မဲလက်မှတ်ရှိမှ ကျောင်းအပ်ရမည်ဟုဆိုသ

Pajau Media
Dec 2, 20251 min read


ဖားကန့်မြို့နယ်တွင် ဓါးမြတိုက်လုယှက်မှုများ မကြာခဏဖြစ်ပွားနေ
ပါဂျောင်မီဒီယာ ၂ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဓားပြတိုက်လုယက်မှုများ ခပ်စိပ်စိပ်ပိုမိုဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိ ဖားကန့်မြို့နယ်တွင် စစ်တပ်ထိုးစစ်ဆင်လှုပ်ရှားနေသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဥ်ဖြစ်ပွားလျှက်ရှိနေပြီး နယ်မြေမငြိမ်သက်မှုများကိုအခွင့်ကောင်းယူကာ ဓားပြတိုက်လုယက်မှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အခုရက်ပိုင်း ဓားမြတိုက်တာတွေ နေ့တိုင်းလိုလိုဖြစ်နေတာ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်

Pajau Media
Dec 1, 20251 min read


မိုးမိတ်မြို့သို့ ချီတက်လာသည့် စစ်ကြောင်းကို KIAနှင့်ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိိုက်ခိုက်
ပါဂျောင်မီဒီယာ ၁ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှမိုးမိတ်မြို့ ဘက်ကို ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KIAတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်မှတစ်ဆင့်သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန်တွင် မိုးကုတ်မြို့ဘက်မှ မိုးမိတ်မြို့သို့ ထွက်လာသော စစ်တပ်စစ်ကြောင်းကို KIAတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်နှင့် တော်လှန်ဲတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြော

Pajau Media
Dec 1, 20251 min read


စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်း
ပါဂျောင်မီဒီယာ ၁ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။ ရပ်ဆိုင်းထားသည့် ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ကတည်းကပင် စတင်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွင်

Pajau Media
Dec 1, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၁ရက်၊ ဒီဇင်ဘာလ၊၂၀၂၅။

Pajau Media
Dec 1, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၃၀ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 30, 20251 min read


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၂၉ရက်၊နိုဝင်ဘာလ၊၂၀၂၅ခုနှစ်။

Pajau Media
Nov 29, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၂၉ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 29, 20251 min read


ရွေးကောက်ပွဲကျင်းပရန် တစ်လအလို ကချင်ပြည်နယ်တွင်း စစ်ရေးပိုမို ပြင်းထန်
ပါဂျောင်မီဒီယာ ၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။ ကချင်ပြည်နယ်၊ ဝိုင်းမော်-လမြန်၊ ဖားကန့်၊ ဗန်းမော်နှင့် ပူတာအို-ခေါင်လန်ဖူးဒေသများတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး မြေပြင်တွင်လည်း စစ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု၊ မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်နေသောကြောင့်.

Pajau Media
Nov 28, 20251 min read


ပူတာအိုမြို့နယ်တွင်း စစ်တပ်က ဗုံးကြဲလေယာဉ်ဖြင့် ဆက်တိုက်ပျံဝဲပြီး ပစ်ခတ်မှုများ လုပ်ဆောင်နေ
ပါဂျောင်မီဒီယာ ၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။ ပူတာအို-ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ်မြို့နယ်အပြင် မြစ်ကြီးနားလမ်းတလျှောက် နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ ဗုံးကြဲလေယာဉ်နှင့် စစ်ရဟပ်ယာဉ်များ ဆက်တိုက်ပျံဝဲကာ ပစ်ခတ်တိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ အလွန်စိုးရိမ်နေကြရသည်ဟု ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၂၅ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်း မြစ်ကြီးနား ကားလမ်းအတိုင်း ဆန်တက်လာကာ ပြည်သူများ နေရပ်စွန့်ခွာထားသည့် ဝဒက်ကျေးရွာတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက

Pajau Media
Nov 28, 20251 min read


အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် (၁၆)ရက်တာ ကမ်းပိန်းပြုလုပ်
ပါဂျောင်မီဒီယာ ၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။ ကမ္ဘာတစ်ဝှမ်း ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၁၆)ရက်တာ လှုပ်ရှားမှုကမ်းပိန်းတွင် လိုင်ဇာဒေသရှိ အမျိုးသမီးများနှင့် လူငယ်များလည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်ကို နိုဝင်ဘာ ၂၅ရက်နေ့မှ ဒီဇင်ဘာ၁၀ရက်နေ့အထိ ကမ္ဘာတစ်ဝန်း ကျင်းပပြုလုပ်ခဲ့ကြသလို လိုင်ဇာဒေသရှိ အမျိုးသမီးများလည်း Kachin Gender Star Groupနှင့် လိုင်ဇာမြို့ အမျိုးသမီးရေး

Pajau Media
Nov 28, 20251 min read


ပုဒ်မ(၅၀၅)ကဖြင့် တရားစွဲခံထားရသူများ လွှတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေး
ပါဂျောင်မီဒီယာ ၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် ဒေါဆောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေချိန် ပုဒ်မ(၅၀၅)ကဖြင့် တရားစွဲခံထားရသူများကို နိုဝင်ဘာ၂၇ရက်နေ့တွင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ယခုလွှတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ပုဒ်မ(၅၀၅)ကဖြင့် တရားစွဲခံရပြီး၊ ထွက်ပြေးလွှတ်မြောက်နေသူများထိ အမှုပိတ်သိမ်းပေးမှုများ ရှိခဲ့သည်။ သို့သော် နိုင်ငံရေးအကျဉ်းအသား အများစုမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံရဆဲဖြစ်ပြီး.

Pajau Media
Nov 28, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၂၈ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 28, 20251 min read


ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် ဒေသတွင်း စစ်ရေးပိုမို ပြင်းထန်လာ
ပါဂျောင်မီဒီယာ ၂၇ရက်၊နိုဝင်ဘာ၊၂၀၂၅။ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ထားသည့် ကချင်ပြည်နယ်တွင်းမှ ဒေသများတွင် စစ်အင်အားတိုးချဲ့ကာ ဆက်တိုက်ထိုးစစ်ဆင်နေသည့်အပြင် လေယာဉ်ဗုံး၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ ဗန်းမော်ဒေသတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေရာ လက်ရှိချိန်ထိ ဖြစ်သည်။ စစ်တပ်က လေယာဉ်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောကြောင့် KIAပူးပေါင်းတပ်ဖွဲ့များမှ

Pajau Media
Nov 27, 20251 min read


ဟိုပင်ဒေသမှ လမ်း၊တံတား ဖျက်ဆီးခံရသောကြောင့် ဒေသခံများ သွားလာရေးအတွက် ခက်ခဲနေ
ပါဂျောင်မီဒီယာ ၂၇ရက်၊နိုဝင်ဘာ၊၂၀၂၅။ ကချင်ပြည်နယ်၊ ဟိုပင်ဒေသမှ လမ်းနှင့် တံတားများကို စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက လမ်းဖြတ်တောက် ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူများ လမ်းသွားလမ်းလာ သွားလာရေးအတွက်ပင် ခက်ခဲနေကြောင်း သိရသည်။ နိုဝင်ဘာ၂၆ရက်နေ့တွင် ဟိုပင်ကျေးရွာမှ ဒိန်လုံပါကျေးရွာအသွားမှ လမ်းနှင့်တံတားကို စစ်ကောင်စီနှင့် ပြည်သူ့စစ်(SNA)ပူးပေါင်းတပ်ဖွဲ့များက မြေကြီးတူးကာ လမ်းဖြတ်တောက်ဖျက်ဆီးခဲ့သောကြောင့် ဒေသခံများ သွားလာရေး ခက်ခဲသွားသည်ဟု ဆိုသည်။ အဆိုပါဒေသမှ ဒေသခံပြည်သူများမှာ...

Pajau Media
Nov 27, 20251 min read


တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့် ဒေသဘက် စစ်တပ်မှ စစ်ကြောင်းပုံမှန် လှုပ်ရှားနေ
ပါဂျောင်မီဒီယာ ၂၇ရက်၊နိုဝင်ဘာ၊၂၀၂၅။ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့် နေရာများကို အဓိကထားကာ စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ စစ်ကောင်စီက KIA ပူးပေါင်းတပ်များ နေရာယူထားသည့် ရှရော်ခ၊ ညောင်ပင်ကုန်းဂိတ်နှင့် မရော်ရွာ(Marau Mare) ဘက်ကို စစ်ကြောင်းထိုးလာပြီး ဒရုန်းလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကုဋေမှော်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ "အခုရဲ့ စစ်ကြောင်းက KIA တွေနေရာယူထားတဲ့ နေရာဘက် အဓီကထားပြီး

Pajau Media
Nov 27, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၂၇ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 27, 20251 min read


လေနှစ်ကျော်အတွင်း အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော်ထိ ပျက်စီးဆုံးရှုံးခံရ
ပါဂျောင်မီဒီယာ ၂၆ရက်၊နိုဝင်ဘာ၊၂၀၂၅။ စစ်အာဏာသိမ်း လေးနှစ်ကျော် ကာလအတွင်း မီးရှို့မှုကြောင့် အရပ်သား နေအိမ်ပေါင်း (၁၁၆၈၉၇)လုံးထိ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်ပေါင်း (၁၁၃၀၅၄)လုံးရှိနေကြောင်း Data for Myanmar က ဖော်ပြထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်စုစုပေါင်းများထဲမှ စစ်ကိုင်းတိုင်း၏ ရာခိုင်နှုန်းမှာ ၆၅ရာခိုင်နှုန်းဖြင့် (၇၆၉၉၀)လုံးထိရှိခဲ့ပြီး၊ ကချင်ပြည်နယ်ထဲမှ နေအိမ်ပေါင်း (၁၉၇

Pajau Media
Nov 26, 20251 min read


မြစ်ကြီးနား ရမ်ပူရပ်ကွက်မှ နေအိမ်(၉)လုံး မီးလောင်ပျက်စီး
ပါဂျောင်မီဒီယာ ၂၆ရက်၊နိုဝင်ဘာလ၊၂၀၂၅။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ နယ်မြေ(၁၄)တွင် ယနေ့နိုဝင်ဘာ၂၆ရက် နံနက်၉ နာရီကျော်လောက်က နေအိမ်(၉) လုံး မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့ရကြောင်း သိရသည်။ နေအိမ်(၉)လုံးစလုံးမှာ ခြံတစ်ခြံထဲတွင် ဆောက်ထားသော အိမ်များဖြစ်သောကြောင့် မီးကူးစက်ရန်လွယ်ကူပြီး တစ်အိမ်ပြီးတစ်အိမ် ကူးစက်ကာ နေအိမ် (၉)လုံးထိ လောင်ကျွမ်းပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ အစတော့ အမိုက်ရှို့တယ်ပဲထင်နေတာ၊ မီးကတော့ မီးသတ်ကားတွေလာပြီး ငြိမ်းလိုက်ပါပြီ” ဟု ရမ်ပူရပ်ကွက

Pajau Media
Nov 26, 20251 min read


ရွှေညောင်ပင် ဂျာလဂတ်ယန်တွင် လေယာဉ်ဗုံး ၂ကြိမ်တိတိ လာရောက်ပစ်ခတ်ခံရ
ပါဂျောင်မီဒီယာ ၂၆ရက်၊နိုဝင်ဘာ၊၂၀၂၅။ လက်တလော ဝိုင်းမော်ဒေသအတွင်း နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အပြင် စစ်ကောင်စီက လေယာဉ်ဗုံးပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီး ယမန်နေ့ နိုဝင်ဘာ၂၅ရက်နေ့တွင်လည်း ရွှေညောင်ပင်ဂျာလဂတ်ယန်ကျေးရွာတွင်း လေယာဉ်၂စီးဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “မနေ့ညက ၈နာရီမှာတစ်ကြိမ် လာပစ်သွားတယ်။ ၉နာရီမထိုးခင်လည်း တစ်ကြိမ် လာပစ်သွားတယ်။ နေအိမ်တစ်ချို့ ပျက်စီးသွားတယ်လို့ ကြားတယ်။ ဆက်သွယ်ရခက်လို့ အတွင်းသတင်း အတိအကျ သိဖို့ခက်နေတယ်။ လူထိခိုက်

Pajau Media
Nov 26, 20251 min read
bottom of page