top of page

PAJAU MEDIA CHANNEL


ကျောက်အရောင်းအ၀ယ် လုပ်နေချိန် စစ်တပ်က သေနတ်လိုက်လံပစ်ခတ်ခဲ့
ပါဂျောင်မီဒီယာ ၂၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ယမန်နေ့ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီဝန်းကျင်ခန့်က မှော်စီဆာရွာကျောက်ဝိုင်းနှင့် လုံးခင်းကျောက်ဝိုင်းတို့တွင် ကျောက်ရောင်းဝယ်သူများ စည်ကားနေချိန် စစ်တပ်မှ ကားဖြင့်ဝင်ရောက်လာပြီး သေနတ်လိုက်လံပစ်ခတ်ခဲ့ကြောင်း ဖားကန့်ဒေသခံများ ပြောပြချက်အရ သိရသည်။ "ကျောက်ရောင်းဝယ်သူတွေများတဲ့ချိန်ကို စစ်တပ်က ဒီတိုင်း ဝင်ရောက်လာတာ။ သေနတ်တွေနဲ့ တွေ့ကရလာပစ်တော့ အော်တဲ့သူကအော် ပြေးတဲ့သူကပြေး ဖြစ်ကုန်ကြတာ" ဟု ဒေသခံတစ်ဦးကပြောသည်။ သေနတ်.

Pajau Media
Oct 23, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၂၃ရက်၊ အောက်တိုဘာ၊၂၀၂၅။

Pajau Media
Oct 23, 20251 min read


ရှမ်းပြည်တွင် ရက်ပေါင်း ၂၀ အတွင်း အမျိုးသမိး(၁၈)ဦးနှင့် အမျိုးသား(၁၁)ဦး သေဆုံး
ပါဂျောင်မီဒီယာ ၂၂ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ နိုင်ငံရေးအကျဥ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော အချက်အများအရ အောက်တိုဘာ ၁ရက်နေ့မှ ၂၁ရက်နေ့အထိ ရှမ်းပြည်နယ်တွင် စစ်ကောင်စီကြောင့် အမျိုးသမိး (၁၈)နှင့် အမျိုးသား (၁၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ သေဆုံးသူများထဲတွင် အသက် ၂နှစ်အရွယ် ယောကျ်ားလေး တစ်ဦးအပါအဝင် ၁၈နှစ်အောက် ကလေး(၈)ဦး ပါဝင်နေပြီး၊ အဆိုပါသေဆုံးသူ အားလုံးမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည်။ ထို့အပြင် အတည်ပြုရန် လိုအပ်သည့် နောက်ထပ်သေဆုံးသူ အရ

Pajau Media
Oct 22, 20251 min read


လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး
ပါဂျောင်မီဒီယာ ၂၂ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ ဆော့လော်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် ယမန်နေ့ အောက်တိုဘာ၂၁ရက် ၁၁နာရီခွဲချိန်ခန့်က စစ်ကောင်စီ၏ Y-12လေယာဉ်ဖြင့် ဗုံး ၁၂ လုံးထက်မနည်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်း လာရောက်ပစ်ခတ်ခဲ့သည့် နေရာများမှာ လန်ဆယ်၊ ရမ်းမား(Rap Ma)၊ တန်ဒေ(Dangde)၊ နာပေ(Nabe)၊ ရှလာန်ဒမ်း(Shalang Dam)၊ ဇထုဇင်(Jahtu Zin)၊ မခုဆာ(Mahku Sa) စသည့်ကျေးရွာများ ဖြစ်ကြပြီး၊...

Pajau Media
Oct 22, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၂၂ရက်၊ အောက်တိုဘာ၊၂၀၂၅။

Pajau Media
Oct 22, 20251 min read


လန်ဆယ်ဒေသ ယနေ့ ထပ်မံ ဗုံးကျဲခံရ
ပါဂျောင်မီဒီယာ ၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ ကချင်ပြည်နယ်၊ ဆော့လောမြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကော်မရှင်တပ်က နောက်ထပ် ဗုံးထပ်မံကျဲချခဲ့ကြောင်း သိရသည်။ ယနေ့ ၂၁ရက်နေ့ ၁၁နာရီ အချိန်လောက်တွင် Y-12 လေယာဥ်ဖြင့် ဗုံးလေးလုံး လာရောက် ကျဲချခဲ့သောကြောင်း တံတားနားက ဈေးဆိုင်တစ်ခု ထိမှန်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း ကျန်ရှိနေသေးကာ လူထိခိုက်မှုကိုတော့ မသိရှိရသေးဘူးဟု ဆိုသည်။ လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်တာဟာ အောက်တိုဘာလအတွင်း နှစ်ကြိမ်ရှိပြီး ပြီးခဲ့သည့် အောက်တိ

Pajau Media
Oct 21, 20251 min read


ထန်ဂါးရွာအနီး တိုက်ပွဲကြောင့် ပိတ်ပင်ထားသည့် ကားလမ်း ပိတ်ပင်ထားဆဲ
ပါဂျောင်မီဒီယာ ၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်မှ ၁၃ရက်နေ့အတွင်း မချမ်းဘော့ဒေသ ထန်ဂါးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရှေ့ခြမ်းဒေသ လမ်းသွားပိတ်ပင်ထားသည်မှာ လက်ရှိအချိန် ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။ လမ်းပိတ်ထားခြင်းနှင့် စပ်လျဉ်းပြီး ဒေသခံတစ်ဦးက “လမ်းပိတ်ထားတာ ၁၀ရက်နီးပါး ရှိလာပြီ။ သင်တန်းတစ်ခုတက်ပြီးလို့ ရွာပြန်ချင်ပေမယ့် အခုထိ လမ်းပိတ်ထားတုန်းမို့ မချမ်းဘော့မြို့မှာပဲ ပိတ်မိနေတယ်။ လမ်းဖွင့်ဖို့က ကြာအုံးမယ်လို့ ကြားတယ်။ တစ်ချို့က ကျောင်းသားသွာ

Pajau Media
Oct 21, 20251 min read


ဒို့တာဝန်အရေး၃ပါး စောင့်ထိန်းသူနှင့် တိုင်းပြည်အရေး ဆောင်ရွက်သူများကိုသာ မဲပေးရန် မင်းအောင်လှိုင်ပြော
ပါဂျောင်မီဒီယာ ၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးအမြင်ရှိသူ၊ ဒို့တာဝန်အရေး ၃ပါးစောင့်ထိန်းသူများကို လွှတ်တော် ကိုယ်စားလှယ်များအဖြစ် မဲပေးရွေးချယ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေရာအနှံ့လိုက်လံစည်းရုံးလျက်ရှိနေကြောင်း သိရသည်။ တိုင်းသူပြည်သားများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရာတွင် ဒို့တာဝန်အရေး ၃ပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်နှင့် အုပ်ချုပ်

Pajau Media
Oct 21, 20251 min read


တပ်ရင်း၆ ကံဆီးဒေသဘက် ယနေ့ ဗုံးအကြိမ်များစွာ ပစ်ကျဲတိုက်ခိုက်
ပါဂျောင်မီဒီယာ ၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ KIA အမှတ် ၉ တပ်မဟာ၊ တပ်ရင်း ၆ နယ်မြေ ဖားကန့်ဒေသကို စစ်ကောင်စီက ယနေ့အောက်တိုဘာ ၂၁ရက် နံနက် ၇နာရီခွဲချိန်ကတည်းက လေယာဉ်ဗုံးအလုံး(၄၀)ထက်မနည်း လာရောက်ပစ်ကျဲသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တပ်ရင်း ၆ နယ်မြေ ကံဆီးဒေသဘက်ကို Y-12လေယာဉ်ဗုံးဖြင့် လာရောက်လှည့်ပတ် ကျဲချသွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဗုံးအလုံးများမှာ လူမရှိသည့် တောထဲကျသောကြောင့် လက်ရှိအချိန်ထိ လူထိခိုက်မှုမရှိသေးကြောင်း သိရသည်။ ထို့အပြင် ဗုံးအလုံး(၄၀)နီးပါး ပစ်ချခံရသောကြောင့် စီစစ်န

Pajau Media
Oct 21, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၂၁ရက်၊ အောက်တိုဘာ၊၂၀၂၅။

Pajau Media
Oct 21, 20251 min read


ကချင်ပြည်နယ်မှ ဦးခက်ထိန်နန်နှင့် ဒေါ်ဒွဲဘူတို့ ဝင်ပြိုင်မည်
ပါဂျောင်မီဒီယာ ၂၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ ကချင်ပြည်နယ်မှ လွှတ်တော်အသီးသီးအတွက် အမတ်လောင်းအမည်စာရင်းများမှာ ယမန်နေ့ အောက်တိုဘာ ၁၉ရက်နေ့က ထွက်လာခဲ့ပြီဖြစ်သည်။ ကချင်ပြည်နယ်လွှတ်တော်မှ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ စစ်ကောင်စီဝင်ဟောင်း ဒေါ်ဒွဲဘူနှင့် ဂွေထုပြည်သူ့စစ်ဟောင်း လဆန်အောင်ဝါ၏ဇနီး ဒေါ်ဂွန်ထန်ကော့ရှန်တို့က စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှာ မြစ်ကြီးနားပြည်နယ်လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြ

Pajau Media
Oct 20, 20251 min read


သားဖြစ်သူမှ အဖေဖြစ်သူကို ဓားခုတ်သတ်မှု ဖြစ်ပွား
ပါဂျောင်မီဒီယာ ၂၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ စစ်ရှောင်များ ပြန်လည်နေထိုင်ကြပြီဖြစ်သည့် ဂျာပူကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၉ရက်နေ့ ညနေ ၆နာရီအချိန်ခန့်တွင် အသက်၂၈နှစ်အရွယ် သားဖြစ်သူမှ အဖေကို ဓားဖြင့်ခုတ်သတ်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ရက် ညနေပိုင်းတွင် သားဖြစ်သူ အသက်၂၈နှစ်အရွယ် မောင်ဒေါ့ရှီဂမ်ယူက အရက်သောက်ပြီး မူးယစ်ကာ အဖေဖြစ်သည့် ဦးဒေါ့ရှီလဆမ်နှင့် စကားများ ရန်ဖြစ်နေရာမှ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသက်သေဆုံးခဲ့ရသည့် အဖေဖြစ်သူမ

Pajau Media
Oct 20, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၂၀ရက်၊ အောက်တိုဘာ၊၂၀၂၅။

Pajau Media
Oct 20, 20251 min read


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၁၈ရက်၊အောက်တိုဘာလ၊၂၀၂၅ခုနှစ်။

Pajau Media
Oct 18, 20251 min read


စစ်ကော်မရှင်က ရွေးကောက်ပွဲအချိန်နီးလာသည်နှင့်အမျှ တော်လှန်ရေးဒေသတွေမှာ စစ်မျက်နှာသစ်ဖွင့် ထိုးစစ်ပြုလုပ်နေဆဲ
ပါဂျောင်မီဒီယာ ၁၈ရက်၊ အောက်တိုဘာလ၊ ၂၀၂၅။ ဒီမိုကရယ်စီ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်ကော်မရှင် ပြောဆိုနေပေမဲ့ တစ်ဖက်မှာ တော်လှန်ရေးဒေသတွေမှာ စစ်မျက်နှာအသစ် တိုးချဲ့ကာ စစ်ရေးဖော်ဆောင်မှုများ ဆက်တိုက်ဆိုသလို ပြင်းထန်စွာလုပ်နေတာ တွေ့ရပါတယ်။ စစ်ကောင်မရှင်ဦးဆောင်ကျင်းပမည့် တစ်နိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲအတွက် အောက်တိုဘာလဆန်းပိုင်းမှစ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်အသီးသီးတွင် မဲစာရင်း ကြေညာခြင်းပြုလုပ်ပြီး မဲစာရင်းကို ရက်တိုးမြင့်ကြေညာတာတွေလုပ်ဆောင်နေပါတယ်။ ရွေး

Pajau Media
Oct 18, 20252 min read


စစ်တပ်နှင့် SNAအင်အားစုများက ဗန်းမောက်မြို့နားထိ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ
ပါဂျောင်မီဒီယာ ၁၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ စစ်ကော်မရှင်နှင့် SNAပူးပေါင်းတပ်ဖွဲ့တို့က ဗန်းမောက်မြို့နားထိ ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များမှာ အောက် တိုဘာ ၁၄ရက်နေ့ကတည်းက ဗန်းမောက်မြို့နားထိ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး တော်လှန်တပ်ဖွဲ့ဘက်မှလည်း တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ ထို့အပြင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့်

Pajau Media
Oct 18, 20251 min read


စစ်ကောင်စီ၏ မဲစာရင်းများကို အောက်တိုဘာ၂၀အထိ တိုးမြင့်ကြေညာ
ပါဂျောင်မီဒီယာ ၁၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ စစ်ကောင်စီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများကို အောက်တိုဘာ ၂၀ရက်နေ့အထိ ရက်ပေါင်း ၇ရက် ထပ်မံတိုးမြင့် ကြေညာထားမည်ဖြစ်ကြောင်း UECရုံးက ဖုန်းမက်ဆစ်များမှတစ်ဆင့် ပေးပို့အသိပေးလာကြောင်း ဒေသခံများထံမှ သိရသည်။ မဲဆန္ဒရှင်များစာရင်းများအား စက်တင်ဘာ (၃၀) ရက်နေ့မှစပြီး အောက်တိုဘာ(၁၃)ရက်နေ့အထိ ၁၄ရက်ကြာ ကပ်ထားကြေညာထားခဲ့ပြီး၊ လာမည့်အောက်တိုဘာ၂၀ရက်နေ့အထိ ထပ်မံတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင်

Pajau Media
Oct 17, 20251 min read


စက်တင်ဘာလအတွင်း ကလေးငယ်(၆)ဦးအပါအဝင် ပြည်သူ(၁၉)ဦး သေဆုံး
ပါဂျောင်မီဒီယာ ၁၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး တိုက်ခိုက်နေမှုကြောင့် စက်တင်ဘာလ တစ်လအတွင်း ကလေးငယ် ၆ ဦးအပါအဝင် ဒေသခံပြည်သူ အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Kachin Human Rights Watch (KHRW) ကထုတ်ပြန်ထားသည်။ ကချင်ပြည်နယ်တွင် ၂၀၂၅ခုနှစ် စက်တင်ဘာလ တစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုလည်း ပိုမိုများလျက်ရှိ

Pajau Media
Oct 17, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၁၇ရက်၊ အောက်တိုဘာ၊၂၀၂၅။

Pajau Media
Oct 17, 20251 min read


ဖားကန့်ဒေသမှ စစ်အင်အား(၂၀၀)ခန့် ကားမိုင်းဘက် တပ်ဆုတ်ရွှေ့ပြောင်းနေ
ပါဂျောင်မီဒီယာ ၁၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ လက်ရှိမှာတော့ စစ်အင်အားအချို့က ကားမိုင်းဘက် စစ်မျက်နှာပြောင်းကာ တပ်ဆုတ်နေကြောင်း သိရသည်။ တပ်ဆုတ်သွားသည့် စစ်အုပ်စုမှာ မှော်ဆီစာဘုရားကုန်းနှင့် အမှိုက်ပုံတွင် တပ်စွဲနေထိုင်သည့် စစ်အင်အား(၂၀၀)ဝန်းကျင်ရှိ အုပ်စုအဖွဲ့များဖြစ်ပြီး၊ အောက်တိုဘာ ၁၄ရက်နေ့ကတည်းက နောက်ဆုတ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီက ဖားကန့်ဒေသကို စစ်ကြောင်

Pajau Media
Oct 17, 20251 min read
bottom of page