top of page

PAJAU MEDIA CHANNEL


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၁၀ရက်၊ ဇန္နဝါရီလ၊၂၀၂၆ခုနှစ်။

Pajau Media
Jan 101 min read


ဖုန်ငိုင်ယန်မှ နေအိမ်အများစု ဆောက်လုပ်ပြီးစီးသော်လည်း အိမ်ခြေ(၁၅)အိမ်အတွက် အကူအညီလိုအပ်နေဆဲ
ပါဂျောင်မီဒီယာ ၉ရက်၊ဇန္နဝါရီ၊၂၀၂၆။ သွားလာရေးခရီးခက်ခဲမှုကြောင့် နေအိမ်ဆောက်လုပ် နေထိုင်ရန် ခက်ခဲသည့် ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် KBC လူမှုကူညီရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုဖြင့် စစ်ရှောင်များ နေအိမ်ကို ဆောက်လုပ်နိုင်ခဲ့ပြီး အများစုမှာ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း စစ်ရှောင်များမှ သိရသည်။ စစ်ရှောင်ကာလ ကြာမြင့်လာသော်လည်း နေရပ်ရင်းမပြန်လာနိုင်သေးသောကြောင့် အသစ်ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေသည့် စစ်ရှောင်နေအိမ်များကို လူမှုကူညီရေးအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ပြန်လည်တည်ဆောက်နေက

Pajau Media
Jan 91 min read


မြစ်ကြီးနား-မန္တလေးဗျူဟာကားလမ်းပိုင်း ပိတ်နေဆဲ
ပါဂျောင်မီဒီယာ။ ၈ရက်၊ ဇန္နဝါရီ၊ ၂၀၂၆ခုနှစ်။

Pajau Media
Jan 81 min read


စစ်ရှောင်များ ပြန်လာကြသည့် နေရပ်ရင်းဒေသများတွင် အစိုးရမှ ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန် ပြည်သူများလိုလား
ပါဂျောင်မီဒီယာ ၈ရက်၊ဇန္နဝါရီ၊၂၀၂၆။ လက်ရှိ စစ်ရှောင်စခန်းမှ နေရပ်ရင်းကို ပြန်လာကြသည့် ပြည်သူများမှာ ကျန်းမာရေးအတွက် ကျေးရွာအတွင်း သက်ဆိုင်သည့် အစိုးရစီမံကိန်းနှင့် ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန် လိုလားနေကြကြောင်း သိရသည်။ ဒေသဖွံ့ဖြိုးရေးနှင့် ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရန် ဒေသခံများ မိမိနေရပ်ရင်းသို့ ပြန်လာနေထိုင်ကြသော်လည်း ကျေးရွာတွင်း ခိုင်ခံ့သည့်ဆေးပေးခန်းနှင့် နေရာမရှိသေးဘူးဟု ဆိုသည်။ ကျန်းမာရေးအတွက် မြို့ကြီးသို့ အချိန်ပေးသွားရောက်ကုသနေရပြီး၊ လမ်းခရီးခက်ခဲသောကြောင့် ကျေးရ

Pajau Media
Jan 81 min read


စစ်ကောင်စီက (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ပါဂျောင်မီဒီယာ ၈ရက်၊ဇန္နဝါရီ၊၂၀၂၆။ စစ်ကောင်စီက (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ မနောကွင်းနေရာတွင် ယခင်နှစ်များနှင့်မတူ အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ “ဒီနေ့ကနေစပြီး မနောကွင်းရှေ့က ဈေးဆိုင်တွေ အားလုံးကို မရောင်းရတော့ဘူးလို့ ပြောတယ်။ ဒီနေ့ကနေ ၄ရက်လောက်က ဆိုင်တွေမခင်းခိုင်းဘူး။ မဖွင့်ခိုင်းဘူး။ တစ်ချို့က ဒီမနက်အစောကြီး ဖွင့်တဲ့သူက ရှိနေသေးတယ်။ ဒီချိန်လူကြီးတွေ မထသေးဘူးဆိုပြီး ဖွင့်နေကြတာ။ ကချင်ပြည်နယ်နေ့ပွဲ ကျင်းပမယ်လို

Pajau Media
Jan 81 min read


မိုးရေကြီးမှုကြောင့် ပျက်စီးသွားသည့် မိုင်ဂျာယန်-လိုင်ဇာ ကားလမ်းပြင်ဆင်နေ
ပါဂျောင်မီဒီယာ ၇ရက်၊ဇန္နဝါရီ၊၂၀၂၆။ မိုင်ဂျာယန်မြို့နှင့် ဒွမ်ဘုန်ချောင်းကြားတွင် မိုးရာသီချိန်တွင်း မိုးရေလျှံမှုကြောင့် ပျက်စီးသွားသည့် လမ်းမကြီးကို ပြန်လည်ပြုပြင် မွမ်းမံနေသောကြောင့် လမ်းသွားလမ်းလာအတွက် သတ်မှတ်ထားသည့် အချိန်တွင်းသာ သွားလာရန် တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ ဇန္နဝါရီလ ၆ ရက်နေ့ကတည်းက စတင်ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် ခရီးသွားကားများမှာ နံနက်ပိုင်း ၁၀ နာရီခွဲမှ ၁၁ နာရီခွဲချိန်တွင်းသာ သွားလာရန်နှင့် ညနေပိုင်း ၄ နာရီခွဲမှ ၆ နာရီခွဲချိန်တွင်း သွားလာနိုင်မည်ဖြစ်ကြော

Pajau Media
Jan 71 min read


ရွေးကောက်ပွဲ ဥပဒေကို နှောင့်ယှက်ဟန့်တားမှုကြောင့် ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိဟု စကစထုတ်ပြန်
ပါဂျောင်မီဒီယာ ၇ရက် ဇန်နဝါရီ ၂၀၂၆ မြန်မာနိုင်ငံတဝန်းတွင် စစ်ကော်မရှင် ပြဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေကို နှောင့်ယှက်ဟန့်တားမှုကြောင့် ဖမ်းဆီးခံထားရသူ ၃၃၅ ဦးထိ ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဇန်နဝါရီ ၆ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီ အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနှောင်က ပြောကြားခဲ့သည်။ ဇန်နဝါရီလ ၅ ရက်နေ့ထိ စာရင်းများအရ ဖမ်းဆီးခံရသူ ၃၃၅ ဦးထဲတွင် အမျိုးသား ၂၇၅ ဦ

Pajau Media
Jan 71 min read


၂၀၂၅ တစ်နှစ်တာတွင်း အရပ်သား ၁၃၃ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရ
ပါဂျောင်မီဒီယာ ၇ရက်၊ဇန္န၀ါရီ၊၂၀၂၆။ ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၃၃ ဦး သေဆုံးကာ ၁၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ယနေ့ ဇန်နဝါရီ ၇ရက်တွင် ထုတ်ပြန်သည်။ KHRW၏ အချက်အလက် စာရင်းဇယားတွေအရ ၂၀၂၅ ခုနှစ်အတွင်း မတရားဖမ်းဆီးခံရသူ ၁၇ ဦး၊ သေဆုံးသူ ၁၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၇ ဦး ရှိကြောင်း သိရသည်။ ထို့အပြင် ကချင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်

Pajau Media
Jan 71 min read


တနိုင်းဒေသတွင်း စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်ဆောင်နေ
ပါဂျောင်မီဒီယာ ၇ရက်၊ဇန္နဝါရီ၊၂၀၂၆။

Pajau Media
Jan 71 min read


ဒီဇင်ဘာလတွင်း ပြည်သူပေါင်း (၁၁၅)ဦး သေဆုံးကြောင်း AAPP ထုတ်ပြန်
ပါဂျောင်မီဒီယာ ၆ရက်၊ ဇန္နဝါရီ၊ ၂၀၂၆။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တစ်လတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၁၅) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ဆောက်ရေးအသင်း(AAPP)၏ ဇန္နဝါရီလ ၃ရက် ထုတ်ပြန်ချက်မှသိရသည်။ သေဆုံးသူတွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် (၉၈) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃)ဦး၊ ပစ်ခတ်မှုကြောင့် (၂) ဦးနှင့် ကျန် (၂)ဦးမှာ သေဆုံးမှုအကြောင်းအရင်းကိုစုံစမ်းဆဲဖြစ်ကြောင်းသိရသည်။ အဆိုပါသေဆုံးသူစာ

Pajau Media
Jan 61 min read


တိမ်းရှောင်သွားသည့် ကသာမြိို့တွင်း နေအိမ်များ ဖောက်ထွင်းခံနေရ
ပါဂျောင်မီဒီယာ ၆ရက်၊ ဇန္နဝါရီ၊ ၂၀၂၆ တိုက်ပွဲကြောင့် စစ်တိမ်းရှောင်နေရသည့် ကသာမြို့စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံများထံက သိရသည်။ လက်ရှိ ကသာမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုသို့ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေထိုင်နေကြသည့် ဒေသခံပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရပြီး ထိုဖောက်ထွင်းနေသူများမှာ အရ

Pajau Media
Jan 61 min read


တနိုင်းဒေသတွင်း စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်ဆောင်နေ
ပါဂျောင်မီဒီယာ ၆ရက်၊ဇန္နဝါရီ၊၂၀၂၆။ ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဟူးကောင်း-တနိုင်းဒေသဘက် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလာသလို လက်ရှိချိန်ထိ စစ်အင်အားဖြည့်တင်း နေထိုင်နေဆဲ ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များမှာ လေယာဉ်ဗုံး၊ လက်နက်ကြီးများနှင့် ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေသောကြောင့် KIAအမှတ်(၁၄)တပ်ရင်းဒေသသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး၊ KIAမှလည်း ယာယီရှောင်တိမ်းထားခဲ့ရသေးသည်။ ထို့အပြင် တနိုင်း-နမ့်ဗျူဘက်ကိုလည်း...

Pajau Media
Jan 61 min read


အာဏာသိမ်းကာလ ၅ နှစ်အတွင်း ကလေး ၆၀၀ ကျော် သေဆုံး
ပါဂျောင်မီဒီယာ ၆ရက်၊ဇန္န၀ါရီ၊၂၀၂၆။ စစ်ကောင်စီအာဏာသိမ်းကာလ ၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၆၃၇) ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချက်အလက်အရ သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း သေဆုံးခဲ့သည့် လူအရေအတွက်မှာ (၄,၆၈၃)ဦးဖြစ်ပြီး ဒဏ်ရာရသူက (၈,၃၃၀)ဦး ရှိသည်။ လေကြောင်းတိုက်ခိုက်မှုတွင် လေယာဉ်နှင့်တိုက်ခိုက်မှုမှာ အကြိမ်ရေ ၇,၀၀၀ နီးပါးနှင့် အများဆုံးဖြစ်ပြီး Drone, Paramotor စသည်တို့ဖြင့်လည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

Pajau Media
Jan 61 min read


မိမိပေးသွင်းသည့် မဲတစ်မဲက အများပြည်သူအတွက် အပြောင်းအလဲဖြစ်လာမည်ကို သတိထားစောင့်ကြည့်ရန် လိုကြောင်း KIOဥက္ကဌပြော
ပါဂျောင်မီဒီယာ ၅ရက်၊ဇန္နဝါရီ၊၂၀၂၆။ မြန်မာနိုင်ငံအတွင်း စစ်ရေးတင်းမာနေသော်လည်း စစ်ကောင်စီမှာ ရွေးကောက်ပွဲအပိုင်း ၁ အား ကျင်းပခဲ့ပြီးဖြစ်သလို အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်သည့် မဲတစ်ခုချင်းစီက အများပြည်သူများအတွက် အပြောင်းအလဲဖြစ်လာနိုင်သောကြောင့် သတိထားရန်လိုအကြောင်း KIOဥက္ကဌအင်ဘန်လမှ ပြောကြားထားသည်။ KIOဥက္ကဌအင်ဘန်လ ပြောဆိုချက်တွင် စစ်ကော်မရှင်နှင့် ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ ဖွဲ့စည်းပုံကို တရားဝင်ဖွဲ့စည်းချင်သောကြောင့် ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။

Pajau Media
Jan 51 min read


နိုင်ငံတစ်ဝန်း အကျဉ်းသား ခြောက်ထောင်ကျော် လွတ်ငြိမ်းခွင့်ရ
ပါဂျောင်မီဒီယာ ၅ရက်၊ဇန်နဝါရီ၊ ၂၀၂၆။ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူအကျဥ်းသား ၆,၁၃၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသားများ ၆,၁၃၄ ဦးအပြင် နိုင်ငံခြားသား အကျဉ်းသား ၅၂ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း သိရှိရသည်။ ပြည်တွင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဥ်းသား ၆,၁၃၄ ဦးကိုမူ နော

Pajau Media
Jan 51 min read


ကသာမြို့တွင်း စစ်ကောင်စီမှ လေယာဥ်ဗုံး မကြာခဏ ပစ်ခတ်နေ
ပါဂျောင်မီဒီယာ ၃ရက်၊ဇန္န၀ါရီ၊၂၀၂၅။ ကချင်-စစ်ကိိုင်းအစပ် ကသာမြိို့တွင် လက်ရှိအချိန်ထိ တိိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လေယာဥ်ဗုံးလည်း ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။ ကသာမြို့မှ ထွက်ပြေးလာသူ စစ်ရှောင်တစ်ဦးက "ကသာဒေသခံတွေက အကုန်နီးပါး ပြေးကြပြီ။ ၀ရုန်းသုန်းကားပြေးကြတာ၊ လေယာဥ်ပစ်တာက ဆက်တိုက်ကိုပစ်နေတာ။ ပြည်သူတွေကို သတိပေးတာမရှိ ရုတ်တရက်ဖြစ်လာတော့ ဘာပစ္စည်းမှ မယူလိိုက်ရဘူး။ အကုန်ပစ်ထားခဲ့တယ်။" ဟု ပြောပြသည်။ လက်ရှိ ကသာဒေသတွင် ခမရ (၃၀၉) အပြင် အမှတ်၁ရဲစခန်း၊ အမှတ်၂ရဲစခန်း၊ ကသာထောင်

Pajau Media
Jan 31 min read


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၃ရက်၊ ဇန္နဝါရီလ၊၂၀၂၆ခုနှစ်။

Pajau Media
Jan 31 min read


အင်းတော်မြို့နယ် မော်လူးဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ
ပါဂျောင်မီဒီယာ ၃ရက်၊ ဇန်နဝါရီ၊ ၂၀၂၆ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအဆက် အင်းတော်မြို့နယ် မော်လူးဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် Grade 12 ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၂ရက် မနက် ၁နာရီ ၁၇မိနစ်နဲ့ ၂၀မိနစ်ခန့်တွင် မော်လူးဒေသ၊ ရွာရှည်ရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အခုလို..

Pajau Media
Jan 31 min read


စစ်တပ်နှင့်ပြည်သူ့စစ်တပ်ဖွဲ့မှ တနိုင်း-ရွှေမှော်တွင်း လုယူစားသောက်နေကြဟုဆို
ပါဂျောင်မီဒီယာ ၃ရက်၊ဇန္န၀ါရီ၊၂၀၂၅။ စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှာ လက်ရှိ တနိုင်း-ရွှေမှော်တွင်းရှိ ပြည်သူများ၏ ပစ္စည်းများကို စိတ်ကြိုက်လုယူ စားသုံးနေကြောင်း သိရသည်။ "အခုက ၀ေလောရွှေမှော်တွင်းက နေအိမ်တွေမှာပစ္စည်းတွေကို သုံးဆွဲပေးနေကြတယ်။ နေအိမ်တစ်အိမ်ပြီးတစ်အိမ် ၀င်ထွက်စားသုံးနေကြတယ်။ တန်ဖိိုးရှိတဲ့ပစ္စည်းတွေ၊ ငွေတွေကို ယူနေကြတယ်။" ဟု ရွှေမှော်တွင်းမှ လုပ်သားတစ်ဦးက ပြောသည်။ ရွှေမှော်တွင်း ပြည်သူများ လုပ်ကိိုင်စားသောက်နေထိုင်ကြသည်ကို စစ်ကောင်စီက ယခင်နှစ် ဒီ

Pajau Media
Jan 31 min read


၂၀၂၆ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် မြစ်ကြီးနားသို့ ပို့ဆောင်မည့် ဆေးဝါးအမြောက်အများကို စစ်ကော်မရှင်တပ်က သိမ်းဆည်းခဲ့
ပါဂျောင်မီဒီယာ ၂ရက်၊ ဇန္နဝါရီ၊ ၂၀၂၆ ၂၀၂၆ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် မြစ်ကြီးနားသို့ ပို့ဆောင်မည့် ဆေးဝါးအမြောက်အများကို စစ်ကော်မရှင်တပ်က သိမ်းဆည်းခဲ့တယ်လို့ ဆေးဝါးရောင်းဝယ်နှင့်နီးဆပ်သည့် သူတစ်ဦးပြောပြချက်အရသိရသည်။ "နှစ်ဆန်းတစ်ရက်နေ့ပေါ့၊ မြစ်ကြီးနားကဆိုင်ကြီးတော်တော်များများကဒိုင်ကြီးတွေရဲ့ဆေးတွေ မုံရွာလမ်းပိုင်းမှာဖမ်းခံရတာတဲ့၊ စစ်တပ်က(စစ်ကော်မရှင်တပ်)၊ အဲ့ကြောင့်ဆေးတွေပျက်ဦးမယ်။" ဟု ဆေးဝါးရောင်းဝယ်ရေးနှင့် နီးဆပ် သူတစ်ဦးပြောပြသည်။ မြစ်ကြီးနားဘက်သို့ပို့မည့်ဆေးဝါးများကို.

Pajau Media
Jan 21 min read
bottom of page