top of page

PAJAU MEDIA CHANNEL


ဖားကန့်-ယူမာကျေးရွာ စစ်တပ်စခန်းအနီး အမျိုးသားနှစ်ဦး သေနတ်ပစ်သတ်ခံရပြီး သေဆုံး
ပါဂျောင်မီဒီယာ ၂၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ လတ်တလော ဖားကန့်ဒေသ ပစ်သတ်ခံရမှု မကြာခဏ ဖြစ်ပွားနေသလို ယနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့တွင်လည်း ဖားကန့်-ယူမာကျေးရွာအနီးတွင် နေရာယူတပ်စွဲထားသည့် တပ်စခန်းအနီး အမျိုးသား(၂)ဦး သေနတ်ပစ်သတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းနှစ်လောင်း တွေ့ရကြောင်း သိရသည်။ ပစ်သတ်ခံရသည့် အမျိုးသားနှစ်ဦး၏ အလောင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါ၊ ဘယ်နေရာမှဖြစ်ကြောင်း မသိရသေးသည့်အပြင် အလောင်းစစ်ဆေးကြည့်ခြင်းအားဖြင့် ရိုက်နှက်နှိပ်စက်ကာ ပစ်သတ်ခံခဲ

Pajau Media
Feb 231 min read


မြစ်ကြီးနားလေဆိပ် ပစ်ခတ်ခံရပြီးနောက် စကမက လေကြေင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ၊ ပြည်သူတစ်ဦး သေဆုံး
ပါဂျောင်မီဒီယာ ၂၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ စစ်ကော်မရှင်က လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများထိ လေကြောင်းတိုက်ခိုက်မှုများ ပုံမှန်လုပ်ဆောင်လာသလို၊ မြစ်ကြီးနားမြို့တွင်းလည်း လေယာဉ်ဗုံးကျဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်သံများ ပြင်းပြင်းထန်ထန် ကြားနေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ ည၁၁နာရီ၂၀မိနစ်ချိန်ခန့်တွင် KIAအမှတ်(၃)တပ်မဟာဒေသ အင်ခေါင်းပါကျေးရွာ ပါကထောင်နေရာတွင် စစ်ကောာ်မရှင်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ(၁)ဦး အသက်သေဆုံး

Pajau Media
Feb 231 min read


မြစ်ကြီးနားလေဆိပ်နှင့် ခရီးသည်တင်လေယာဉ်များ တိုက်ခိုက်ခံရခြင်းမှာ War Crime ကို ကျူးလွန်ခြင်းဖြစ်သည်ဟု စကမထုတ်ပြန်
ပါဂျောင်မီဒီယာ ၂၃ရက်၊ဖေဖော်ဝါရီ၊ ၂၀၂၆။ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်နှင့် ခရီးသည်တင်လေယာဉ်များကို စစ်လက်နက်များဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇာဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းသာဖြစ်သည်ဟု စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ KIA-PDF ပူးပေါင်းတပ်ဖွဲ့များက ရည်ရွယ်ချက်ရှိရှိ ခရီးသွားပြည်သူများအား ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းမှာ ခရီးသွားပြည်သူများနှင့် လေယာဉ်ဝန်ထမ်းများအပေါ် အကြီးအကျယ် စိတ်တုန်လှုပ်ခ

Pajau Media
Feb 231 min read


အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း အရပ်သား တစ်ရာကျော်သေဆုံး
ပါဂျောင်မီဒီယာ ၂၂ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆ခုနှစ်။

Pajau Media
Feb 221 min read


အပတ်စဥ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၂၁ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆ ခုနှစ်။

Pajau Media
Feb 211 min read


စီတာပူရပ်ကွက် ကမ်းနားလမ်းဘက်တွက် မနေ့ည သန်းခေါင်ယံအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် တချို့ပျက်စီးခဲ့ပြီး၊ လူထိခိုက်မှုရှိ
ပါဂျောင်မီဒီယာ ၂၁ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ကမ်းနားလမ်းဘက်တွက် မနေ့ည သန်းခေါင်ယံအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် တချို့ပျက်စီးခဲ့ပြီး၊ လူထိခိုက်မှုရှိတယ်လို့ မြို့ခံတွေကပြောပြလာပါတယ်။ စီတာပူအပိုင်း ၄ ကမ်းနားလမ်းဘက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တချို့ ပျက်စီးခဲ့ကြောင်း ရပ်ကွက်နေ လူငယ်တစ်ဦးပြောပြချက်အရသိရပါတယ်။ “မနေ့ည သန်းခေါင်ယံလောက် ဖြစ်တာ၊ တစ်ခုက လက်ဖက်ရည်ဆိုင်နားမှာကျတယ်၊ နောက်တခုက အိမ်ရှေ့ ကားထားတဲ့န

Pajau Media
Feb 211 min read


ဖားကန့်ဒေသ ပစ်ခတ်ခံရသည့် အမှု မကြာခဏ ဖြစ်ပွားနေ
ပါဂျောင်မီဒီယာ ၂၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ဖားကန့်ဒေသတွင် ခိုးဆိုးလုယက်မှုအပြင် လူသတ်မှုများလည်း မကြာခဏ ဖြစ်ပွားနေပြီး၊ ယနေ့ ဖေဖော်ဝါရီ ၂၀ရက် နံနက်ပိုင်းတွင်လည်း ဖားကန့် ယူမာကျေးရွာရှိ ချောင်းနံဘေးတွင် သေနတ်ပစ်ခတ်ဒဏ်ရာဖြင့် လူတစ်ဦး သေဆုံးနေသည့်အလောင်း တွေ့ရကြောင်း သိရသည်။ အသက်သေဆုံးနေသူမှာ အသက်(၃၀)ဝန်းကျင်ဖြစ်ပြီး၊ ခေါင်းတွင် သေနတ်ပစ်ခတ်ဒဏ်ရာအပြင် လက်နှစ်ဖက်စလုံး ကြိုချည်နောင်ခံထားရသည့် ဒဏ်ရာလည်း တွေ့ရကြောင်းနှင့် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း သိရသည်။ ဖားကန့်ဒေသ စစ်ရေးပိုမို

Pajau Media
Feb 201 min read


လမ်းပိတ်ပင်ခြင်းကြောင့် ရှောကောအရောင်းမထွက်ဘဲ ပူတာအိုအရှေ့ဘက် ဒေသခံများ ခက်ခဲနေ
ပါဂျောင်မီဒီယာ ၂၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ပူတာအို၊ အရှေ့ဒေသဘက် သွားလမ်းကို လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သောကြောင့် ဒေသခံများ နှစ်စဉ်ဝင်ငွေရရှိနေသည့် ရှောကောသီးများမှာ ယခုနှစ်တွင် အရောင်းအဝယ် မထွက်နိုင်ကြောင်း သိရသည်။ “လမ်းပိတ်သွားလို့ ခက်ခဲသွားတဲ့အပိုင်းက အများကြီးပဲ။ အဓိကက ဆန်ဝယ်နိုင်ဖို့ လမ်းတွေပိတ်သွားတယ်။ ရှောကော်သီးတွေ သယ်ယူပို့ဆောင်လို့မရတော့တဲ့ အခြေအနေဘဲ။ ခါတိုင်းနှစ်ဆိုရင် ဒီဇင်ဘာလောက်ဆိုကတည်းက အကုန်ရောင်းထွက်ပြီးနေပြီ။ ဒီနှစ်က ဖေဖော်ဝါရီလတောင် ရောက်နေပြီ၊ လမ်းပိတ်ထားတေ

Pajau Media
Feb 201 min read


မြစ်ကြီးနား ဘိလပ်မြေအဝင်မရှိ၊ ဆောက်လုပ်ရေး လုပ်သားများနှင့် နေ့စားသမားများ ဝင်ငွေခက်ခဲနေ
ပါဂျောင်မီဒီယာ ၂၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘိလပ်မြေအဝင် ရပ်တန့်နေသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် လုပ်သားများ နေစဉ်စားဝတ်နေရေးအတွက် ခက်ခဲလာကြောင်း ပန်းရံအလုပ်သမားများ ပြောပြချက်အရ သိရသည်။ “ခုမြစ်ကြီးနားမှာက ဘိလပ်မြေက လုံးဝမဝင်တော့ ဆောင်လုပ်ရေးလုပ်ငန်းတွေ ရပ်နားထားကြရတယ် လုပ်ငန်းတွေ နားထားရတဲ့အခါကျတော့ ဝင်ငွေတွေက ပုံမှန်မလည်ပတ်နိုင်တော့ဘူး” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နေ့စားအဖြစ်...

Pajau Media
Feb 201 min read


တစ်လကျော်အတွင်း နိုင်ငံတစ်ဝန်း ကလေးငယ် ၂၂ ဦး သေဆုံး
ပါဂျောင်မီဒီယာ ၁၉ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆။ ဇန္နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ နိုင်ငံတဝန်း ၁၈ နှစ်အောက်ကလေးငယ် ၂၂ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ ၂ လသားအရွယ် ကလေးငယ်အပါအဝင် ၁၈ နှစ်အောက် မိန်းကလေး ၁၁ ဦးနှင့် ယောကျ်ားလေး ၁၁ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထိုထဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး ၁၉ ဦးထိရှိခဲ့သလို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့

Pajau Media
Feb 191 min read


နှစ်လနီးပါး ပိတ်ထားသည့် တနိုင်း-ရွှေမှော် ပြန်လည်လုပ်ကိုင်လာ
ပါဂျောင်မီဒီယာ ၁၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ တနိုင်း-ရွှေမှော်ဒေသ တိုက်ပွဲငြိမ်သက်နေသောကြောင့် ရွှေလုပ်သားများမှာ တရားဝင်လမ်းဖွင့်လှစ်ခြင်းမရှိသေးသော်လည်း ရှောင်ကွင်းလမ်းမှ ပြန်ဝင်ကာ ရွှေလုပ်ငန်းလုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရွှေလုပ်သားများက ပြောသည်။ ရွှေမှော်မှ လုပ်သားတစ်ဦးက “ရွှေမှော်တွေကို အခုက KIA ဘက်က ပြန်ရပြီဆိုတော့ အရင်လိုအလုပ်တွေ ပြန်လုပ်လို့ရပြီလို့ သူတို့ပြောပေမယ့် လုံခြုံရေးအတွက်က အာမမခံနိုင်ဘူး။ အဲ့ကြောင့် ရွှေလုပ်ကိုင်သူတွေ စိုးရိမ်နေကြတယ်။ မှော်ထဲမှာတော့ လုပ်ကိုင်တဲ့သူတွ

Pajau Media
Feb 191 min read


ကချင်ဒေသ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင်ပြီး၊ စစ်ရေးသတင်းနားစွင့်ရန် ဗိုလ်မှူးကြီးနော်ဘူ သတိပေးထား
ပါဂျောင်မီဒီယာ ၁၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်တွင်း စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီး၊ ပူတာအိုနှင့် နောင်မွန်းစသည့်ဒေသများတွင် အချိန်မရွေးတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံပြည်သူများ စစ်ရေးသတင်းကို နားစွင့်ပြီးသွားလာနေထိုင်ကြရန် ဗိုလ်မှူးကြီးနော်ဘူက အသိပေး ပြောဆိုလိုက်သည်။ လက်ရှိ ကချင်ပြည်နယ်တွင် စစ်တပ်ကမြေပြင်ထိုးစစ်ဆင်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်

Pajau Media
Feb 191 min read


ဖားကန့်ဒေသတွင် စစ်ကောင်စီမှ ဆက်လက်စစ်ကြောင်းထိုးနေ
ပါဂျောင်မီဒီယာ ၁၉ရက် ဖေဖော်ဝါရီ ၂၀၂၆။ လက်ရှိ ဖားကန့်ဒေသ မရှီကထောင်ဒေသဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီ ပူးပေါင်းတပ်များက ကားမိုင်း-ဖားကန့် သွားလမ်းကနေ လုံးခင်းဒေသဘက် ဆက်လက်စစ်ကြောင်းထိုးနေကြောင်းသိရသည်။ ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင်လည်း မိုးကောင်းမြို့ စကခ (၃) တပ်အောက်က တပ်ဖွဲ့များနှင့် ရှထူဇွပ် ရှိမင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်များက ကားမိုင်း-ဖားကန့် သွားလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားလာသောကြောင့် ရုတ်တရက် စစ်ရေးပြင်းထန်လာမည်ကို ဒေသခံပြည်သူများက စို

Pajau Media
Feb 191 min read


အင်းတော်ကြီးဒေသ အသက် ၁၈ နှစ်အောက် ကျောင်းသားများ စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
ပါဂျောင်မီဒီယာ ၁၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီ SNA ပြည်သူ့စစ်တပ်များက အသက် ၁၈ နှစ်မပြည့်သေးသည့် ကျောင်းသူ/သားများကို စစ်သင်တန်းတက်ရန် ဖိအားပေး ခြိမ်းခြောက်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရှမ်းနီ SNA တပ်များသည် တစ်အိမ်လျှင် တစ်ဦး မဝင်မနေရ စနစ်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တပ်သားသစ် စုဆောင်းနေသည့်အပြင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းက ကျောင်းသားကျောင်းသူများကိုပါ စစ်သင်တန်းတက်ရောက်ရန် လက်မှတ်ရေးထိ

Pajau Media
Feb 181 min read


ခေတ္တပိတ်ထားသည့် မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်
ပါဂျောင်မီဒီယာ ၁၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ခေတ္တပိတ်ထားသည့် မြစ်ကြီးနားလေဆိပ်ကို လေကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်ကို FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ပြီးနောက် လေယာဉ်ခရီးစဉ်များအားလုံး ပိတ်ပင်လိုက်သည်။ မြစ်ကြီးနားလေဆိပ် ခေတ္တပိတ်ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မန်းရတနာပုံလေကြောင်းလိုင်းက

Pajau Media
Feb 181 min read


မြစ်ကြီးနားအဝင် ကားလမ်းပိုင်းများ ပိတ်ပင်ခံထားရသောကြောင့် မြစ်ကြီးနားမြို့ပေါ် ကုန်စည်ဈေးနှုန်း မြင့်တက်နေ
ပါဂျောင်မီဒီယာ ၁၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကုန်စည်ကားများ အဝင်မရှိခြင်းကြောင့် ကုန်စည်ဈေးနှုန်းနှင့် ကြက်သားဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်နေကြောင်း အိမ်ရှင်အမျိုးသမီးများက ပြောသည်။ ပြီးခဲ့သည့် ဇန္နဝါရီ နောက်ဆုံးအပတ်မှစတင်၍ မန္တလေး- မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကုန်စည်ကားနှင့် ခရီးသည်ကားများကို အင်းတော်နှင့် ရွှေဘိုသွားလမ်းပိုင်းတွင် ဖြတ်သန်းသွားလာခွင့် တားမြစ်

Pajau Media
Feb 171 min read


ဖားကန့်-လုံးခင်းရှိ မှော်တစ်ခု မြေစာပြိုကျမှုကြောင့် ရေမဆေးလုပ်သား ၂၀ ခန့် မြေစာထဲပါသွား
ပါဂျောင်မီဒီယာ ၁၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရှိ (၁)သုံးလုံးလုပ်ကွက်ထဲတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် ည ၉ နာရီခွဲဝန်းကျင်ခန့် မြေစာပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် ရေမဆေးလုပ်သား ၂၀ ခန့် မြေစာထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။ “စစချင်းပြိုကျမှုမှာ ၂၀ ကျော်ပါသွားပေမဲ့ လက်ရှိချိန်ထိတော့ ၁၀ ယောက်ကျော်လောက် ပြန်ရှာလို့ မတွေ့သေးဘူး “ဟု ဒေသခံများကပြောသည်။ လက်ရှိတွင် ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေသော်လည်း စက်ယန္တရားနှင့် လ

Pajau Media
Feb 171 min read


မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ကားကို KIA မှဖမ်းဆီးထား
ပါဂျောင်မီဒီယာ ၁၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ် မိုးညှင်းခရိုင် မော်ဟန်ရွာတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာ ဖော်ပြချက်မှ သိရသည်။ ကချင်နှင့်စစ်ကိုင်း အစပ်ဒေသရှိ မော်ဟန်ရွာတွင် KIA တပ်ရင်း(၃၅)မှ ကားများကို စစ်ဆေးကြည့်ရာ ဦးကျော်ရဲဦး မောင်းလာသည့်ကားတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသောကြောင့် ဖမ်းဆီးထန်းသိမ်းခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ဦးကျော်ရဲဦးကိုတော့ မိုးညှင်းခ

Pajau Media
Feb 161 min read


ဝိုင်းမော်(၅၈)တပ်စခန်းဘက် တိုက်ပွဲပြင်းထန်နေသလို ဗလမင်းထင်တံတားပေါ် လုံခြုံရေး ထပ်မံတိုးမြင့်ထား
ပါဂျောင်မီဒီယာ ၁၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ လတ်တလော ဝိုင်းမော်စစ်မျက်နှာဘက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေသလို ဗလမင်းထင်တံတားပေါ်တွင်လည်း လုံခြုံရေးကို ပိုမိုတင်းကျပ်နေသည့်အပြင် တံတားပိတ်ချိန် ဗုံးထောင်ထားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “ဒီမနက် ၆ နာရီခွဲချိန် တံတားမဖွင့်သေးဘူး။ ဆိုင်ကယ်တွေအရမ်းကြပ်နေပြီး၊ ၁၅ မိနစ်ထိ စောင့်တာ မဖွင့်ပေးလို့ ပြန်ခေါက်သွားလိုက်တယ်။ လမ်းသွားလမ်းလာတစ်ချို့ ပြောတာက တံတားကို ညပိတ်တဲ့အချိန် ဗုံးထောင်ထားပြီး

Pajau Media
Feb 161 min read


ဖားကန့်-တောင်ပြိုတွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး
ပါဂျောင်မီဒီယာ ၁၅ရက်၊ဖေဖော်၀ါရီ၊၂၀၂၆။ တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်ဒေသတွင် ဖေဖော်၀ါရီ ၁၃ ရက်နေ့ နံနက်တွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖားကန့် တောင်ပြိုကျေးရွာတွင် ဖေဖော်၀ါရီ ၁၃ ရက် နံနက် ၈ နာရီခန့်က ကလေးများဆော့ကစားနေချိန် ရုတ်တရက် ဗုံးပေါက်ကွဲလာပြီး အသက် ၇ နှစ်အရွယ် မောင်နေ၀င်းထွန်းက သေဆုံးခဲ့ရပြီး၊ အသက် ၃ နှစ်အရွယ် မင်းသူရိန်၊ အသက် ၁၁ နှစ်အရွယ် နန်းခိုင်စိုးနှင့် ဦးကိုလင်းတို့က ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကလေးများ

Pajau Media
Feb 151 min read
bottom of page