top of page

PAJAU MEDIA CHANNEL


အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ခဲ့သူများမှ အမျိုးသားတစ်ဦးအား ထပ်မံသတ်ဖြတ်
ပါဂျောင်မီဒီယာ ၁ရက်၊ဇန္န၀ါရီ၊၂၀၂၆။ ခရစ်မတ်ညတွင် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသားမှာ ယမန်နေ့ ဒီဇင်ဘာ၃၁ရက်နေ့တွင် သတ်ဖြတ်ခံရပြီဖြစ်ကြောင်း ယမန်နေ့က မိသားစု၀င်များ ရေးသားလာသည်။ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဓါးပြတိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့မှာ ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်ညက ဖြစ်ပွားခဲ့သော ၂၁နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားခြောက်ဦးတိို့ အဖွဲ့ဖြ

Pajau Media
Jan 11 min read


ရွေးကောက်ပွဲအပိုင်း (၁)တွင် မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်၊ မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်သည့်အတွက် အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ခေါင်းဆောင်ကပြော
ပါဂျောင်မီဒီယာ ၁ရက်၊ ဇန်နဝါရီ၊ ၂၀၂၆ စစ်ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁)တွင် မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်တွင် ပြုလုပ်ကျင်းပခဲ့ရာ မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်သည့်အတွက် အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ ရွေးကောက်ပွဲအပိုင်း(ရွေးကောက်ပွဲအပိုင်း၁) မြို့နယ် (၁၀၂) မြို့နယ်တွင် မဲ့ပေးခွင့်ရှိသူ( ၁၁ ဒသမ ၆ သန်းကျ

Pajau Media
Jan 11 min read


မြစ်ကြီးနားမြို့တွင်း ဒုစရိုက်မှုများအပြင် အတင်းအဓမ္မ မုဒိမ်းမှုများရှိလာ
ပါဂျောင်မီဒီယာ ၃၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။ မြစ်ကြီးနားမြို့တွင် ညအချိန် လုံခြုံမှုမရှိတော့ဘဲ ဓါးပြတိုက်မှု၊ မုဒိမ်းမှု စသည့်ဒုစရိိုက်မှုများ များပြားလာသောကြောင့် သတိထားသွားလာနေရကြောင်း သိရသည်။ ယခုလအတွင်း ည ၇ နာရီအချိန်၀န်းကျင် လမ်းသွားလမ်းလာ အမျိုးသမီးများ ဓါးပြတိိုက်ခံရကာ၊ အတင်းအဓမ္မခေါ်သွားခံရပြီး မုဒိမ်းကျင့်ခံရသည့် ဖြစ်စဥ်များ ရှိလာသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၅ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အသက်၂၁နှစ်အရွယ် အမျိိုးသမီးတစ်ဦးနှင့် အသက်အရွယ်ရသည့် အမျိုးသမီးနှစ်ဦး ဆိုင်ကယ်တစ်

Pajau Media
Dec 31, 20251 min read


မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းကို နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်
ပါဂျောင်မီဒီယာ ၃၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။ မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းကို လာမည့်၂၀၂၆ခုနှစ် ဇန္နါရီလဆန်းပိုင်းတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။ အဆိုပါကားလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပြီးခဲ့သည့် ၂၇ရက်နေ့ ညနေပိုင်းတွင် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ လက်ရှိတွင် လမ်းပိုင်းအတွင်း ပိတ်မိနေသည့်ကားများလည်း အများအပြား ရှိနေကြောင်း သိရသည်။ ထို့အပြင် အချို့ကားများမှာ ကွင်းလမ်းများမှ သွားလာနေသော်လည်း လမ်းခရီးအဆင်မပြေမှုများစွာ ရှိသည်ဟု ဆိုသည်။...

Pajau Media
Dec 31, 20251 min read


တိုက်ပွဲဖြစ်ပွားနေသည့် ကသာဒေသကပြည်သူများကို စစ်ရှောင်ရန်အခွင့်အရေး စစ်တပ်မှပိတ်ပင်ထား
ပါဂျောင်မီဒီယာ ၃၀ရက် ဒီဇင်ဘာ ၂၀၂၅ စစ်ကောင်စီတပ်များသည် လက်ရှိတွင် ရွှေးကောက်ပွဲပြုလုပ်ကျင်းပနေသာ်လည်း တစ်ဖက်တွင် တိုက်ပွဲများလည်းပိုမိုပြင်းထန်နေပြီး တိုက်ပွဲပြင်းထန်နေသည့်ဒေသများမှ ပြည်သူများကို စစ်ရှောင်သိမ်းရန်အခွင့်အရေးပေးနေကြောင်း သိရသည်။ သို့သော်လည်း ကချင်ပြည်နယ် နှင့်စစ်ကိုင်းအဆက် ကသာဒေသတွင် ဒီဇင်ဘာ ၂၆ရက်နေ့ခန့်မှစပြီး ဒေသစောင့်ရှောက်ရေးအဖွဲ့ PDFတပ်နှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်ခဲ့သည်မှာ ယခုအချိန်ထိဖြစ်ပြီး ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ရန် အခွင့်အရေးကို စစ်

Pajau Media
Dec 30, 20251 min read


မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းတွင် ပိတ်မိနေသည့် ယာဉ်တန်းများ တစ်လအတွင်းလေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခံရ
ပါဂျောင်မီဒီယာ ၃၀ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။ မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားရပြီး လမ်းတွင်းပိတ်မိနေသည့် ကားများကို စစ်ကော်မရှင်က လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရပြီး ကားများလည်းပျက်ဆီးခဲ့ရကြောင်း သိရသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှ ခင်ဦး နှင့် ရွှေဘို လမ်းပိုင်းတွင် စစ်ကော်မရှင်၏ ရဟတ်ယာဉ်ဖြင့် ဗုံးလာရောက်ကျဲချခဲ့သောကြောင့် ပြည်သူ (၉)ယောက်သေဆုံးခဲ့ရပြီး (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိ

Pajau Media
Dec 30, 20251 min read


ကချင်ပြည်နယ်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲမလုပ်နိုင်သည့် နေရာတွေကို ဗုံးကျဲတိုက်ခိုက်
ပါဂျောင်မီဒီယာ ၃၀ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။ ကချင်ပြည်နယ်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲမလုပ်နိုင်သည့် နေရာတွေကို ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ရွေးကောင်ပွဲကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့တွေပြင် ရွေးကောက်ပွဲမလုပ်နိုင်သည့်နေရာများကို လေးကြောင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ရွေးကောက်ပွဲမလုပ်နိုင်သည့် အင်ဂျန်းယန်မြို့နယ်ထဲက တန်ဘောင်ရွာကို ညအချိန် ၉ နာရီဝန်းကျင်လောက်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သောက

Pajau Media
Dec 30, 20251 min read


အပိုင်း(၁)ရွေးကောက်ပွဲ မဲပေးသူနည်းပါးစွာဖြင့်ပြီးဆုံး
ပါဂျောင်မီဒီယာ ၂၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီ၏ အပိုင်း ၁ ရွေးကောက်ပွဲ မဲပေးသူ ဦးရေမှာ အလွန်နည်းပါးကြောင်းဒေသခံများ ပြောပြချက်အရ သိရသည်။ မြစ်ကြီးနားမြို့ခံတစ်ဦးက "ဒူကထောင်ရပ်ကွက်ထဲမှာဆို စာရင်းရှိတာက လူဦးရေ ၇,၀၀၀ ကျော် ရှိတယ်။ မဲလာထည့်တာက ၁,၀၀၀ ကျော်လောက်ပဲ ရှိနေတာ။ အရမ်းနည်းတယ်။" ဟု ပြောသည်။ ထို့ကြောင့် ဒူကထောင် ရပ်ကွက်ရှိ မဲရုံတစ်ရုံတွင် မဲရုံပိတ်ပြီးနောက် မဲစာရင်းရှိသူ ၇,၀၀၀ ဦးအနက် ၁,၅၀၀ ဦးသာ လာရောက်မဲပေးခဲ့ကြရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေ

Pajau Media
Dec 29, 20251 min read


ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်
ပါဂျောင်မီဒီယာ ၂၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ဗန်းမော်ဒေသတွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး၊ အဆိုးဆုံးမှာ ဗန်းမော်တက္ကသိုလ်၀င်းနှင့် ခလရ ၄၇ တပ်စခန်းအနီး၀န်းကျင် ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီက လေယာဉ်ဒရုန်းဗုံးများဖြင့်အဓိကထား တိိုက်ခိိုက်နေပြီး၊ လက်နက်ပစ္စည်းများနှင့် စစ်အင်အားများ ဖြည့်တင်းနေဆဲဖြစ်သည်။ ဗန်းမော်တိုက်ပွဲမှာ ဒီဇင်ဘာ၂၅ရက်နေ့တွင် တဖန်ပြန်လည်စတင်လာခဲ့ပြီး၊ စစ်တပ်ဘက်မှ ဗိုလ်မှုးအဆင့်ရှိသူများအထိ ထိခိိုက်သေဆုံးခဲ့ရသည့်အပြင် မြစ်ကြီးနားမြို့ရှိ ရဟတ်ယာဥ်၊ တိုက်လေယာဥ်နှစ်စီးလည်း...

Pajau Media
Dec 29, 20251 min read


ကချင်ပြည်နယ်တွင် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ် ၂ မြို့နယ်လုံးတွင် မြို့နယ်လုံးကျွတ်နီးပါး ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ကြေညာ
ပါဂျောင်မီဒီယာ ၂၈ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅ ကချင်ပြည်နယ်တွင် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ် ၊ မြို့နယ်၂မြို့နယ်တွင် မြို့နယ်လုံးကျွတ်နီးပါး ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့သည် လက်ရှိကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ထားသည့်မြို့နယ်ဖြစ်ပြီး ထိုမြို့နယ် ၂ ခုလုံးမှာ ရွေးကောက်ပွဲကျင်းပရန် စစ်ကော်မရှင်က ကြေညာထားသည်။ စစ်ကောင်စီ၏ ဒီဇင်ဘာ ၂၈ရက်နေ့ထုတ်ပြန်ချက်တွင် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်ရှိ ရပ်ကွက်နှင့်ကျ

Pajau Media
Dec 28, 20251 min read


ဗန်းမော်မြိို့သိမ်းတိုက်ပွဲ ဆက်လက်တင်းမာနေ
ပါဂျောင်မီဒီယာ ၂၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် စတင်ခဲ့သည့် KIAပူးပေါင်းတပ်ဖွဲ့၏ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲမှာယနေ့ဒီဇင်ဘာ ၂၇ရက် နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဩဂုတ်လဆန်းတွင် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေသည်ကို ခုခံတိုက်ခိုက်နေသည့် KIAက ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းမှ စပြီး စစ်မျက်နှာများစွာဖြင့် တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲပထမနေ့နှင့် ဒုတိယ နေ့တွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ ဗျူ

Pajau Media
Dec 27, 20251 min read


ဟူးကောင့်ဒေသ တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ဆေးရေးတင်းကြပ်နေ
ပါဂျောင်မီဒီယာ ၂၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ဟူးကောင့်ဒေသအတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်နေသောကြောင့် ကျေးရွာတွင်း စစ်ကောင်စီက ယခင်ထက် စစ်ဆေးမေးမြန်းခြင်းများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။ ယခုကဲ့သို့ ကျေးရွာတွင်း နေ့ညအချိန်ပြည့် စစ်ဆေးမေးမြန်းနေသောကြောင့် ဒေသခံများ သွားလာရေးနှင့် လုပ်ကိုင်စားသောက်ရေး အကြပ်အတည်းဖြစ်နေကာ ခက်ခဲနေကြကြောင်း သိရသည်။ KIAအမှတ်(၁၄)တပ်ရင်းဒေသဘက် ဒီဇင်ဘာလကတည်းက တိိုက်ပွဲပြင်းထန်နေသောကြောင့် စစ်ကောင်စီက ဟိုတယ်ခန်းများထိ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။ တိုက်ပွဲကြေ

Pajau Media
Dec 27, 20251 min read


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၂၇ရက်၊ ဒီဇင်ဘာလ၊၂၀၂၅ခုနှစ်။

Pajau Media
Dec 27, 20251 min read


KIA အမှတ်(၁၄) တပ်ရင်း၊ ဟူးကောင်းဒေသအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်
ပါဂျောင်မီဒီယာ ၂၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။ KIA အမှတ်(၂) တပ်မဟာ၊ အမှတ်(၁၄) တပ်ရင်းဒေသတွင် စစ်ကောင်စီနှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ၂၅ရက်နေ့နံနက် ၇ နာရီအချိန်ခန့်က ထိတွေ့တိိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ ဟူးကောင်းဒေသသို့ ပြီးခဲ့သည့် ဒီဇင်ဘာ၁၀ရက်နေ့ကတည်းက လေယာဥ်ဗုံးနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိိုက်ခိုက်လာသောကြောင့် တိိုက်ပွဲဖြစ်ပွားလာရာ မြေပြင်ဖြင့်လည်း ဆက်တိုက်စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင်

Pajau Media
Dec 27, 20251 min read


မြစ်ကြီးနား- မန္တလေးသွားလမ်းပိုင်းကို စစ်ဆေးရေးပြင်းထန်နေပြီး၊ အချိန်အကန့်အသတ်ဖြင့်သာ သွားလာနေရ
ပါဂျောင်မီဒီယာ ၂၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။ မြစ်ကြီးနား-မန္တလေးသွားလမ်းရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီမှ ပြင်းပြင်းထန်ထန် စစ်ဆေးရေး လုပ်ဆောင်နေခြင်းနှင့် အချိန်ကန့်သတ် ဖြတ်သန်းသွားလာခိုင်းသောကြောင့် ပြည်သူများ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အခက်ခဲဖြစ်နေကြောင်း သိရသည်။ စစ်ကောင်စီမှ လမ်းခရီးအတွင်း ပြင်းပြင်းထန်ထန် စစ်ဆေးရေးလုပ်ဆောင်နေပြီး ပြည်သူများ သယ်ယူလာသည့် ကုန်ပစ္စည်းများကိုလည်း သိမ်းယူခြင်း၊ အချိန်ကြာမြှင့်စွာ သိမ်းယူပေးသောကြောင့် ပုပ်သိိုးပျက်စီးခြင်းများ ရှိနေသဖြင့်...

Pajau Media
Dec 26, 20251 min read


ဗန်းမော်တိုက်ပွဲ ယနေ့ပြန်လည်စတင်
ပါဂျောင်မီဒီယာ ၂၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။ KIAအမှတ်(၃)တပ်မဟာ၊ ဗန်းမော်ဒေသတွင် ယနေ့ဒီဇင်ဘာ၂၅ရက်နေ့မှစ၍ တိုက်ပွဲ တစ်ဖန်ပြင်းထန်လာကြောင်း သိရသည်။ ဒီဇင်ဘာ၂၅ရက်နေ့မှစ၍ ဗန်းမော်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ပြန်လည်ရယူနိုင်ရန် KIAပူးပေါင်းတပ်ဖွဲ့များမှ ထိိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိတွေ့တိုက်ပွဲပြင်းထန်နေရာ စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြန်လည်ခုခံနေပြီး၊ KIAမှလည်း တိုက်ခိုက်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ

Pajau Media
Dec 25, 20251 min read


ရွေးကောက်ပွဲအပိုင်း(၁) နှင့် အပိုင်း(၂)တွင် ပါ၀င်သော မြိို့နယ်များ စာရင်း
ပါဂျောင်မီဒီယာ ၂၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၁) တွင် ပါ၀င်သော မြိို့နယ်များစာရင်းနှင့် ၂၀၂၆ခုနှစ် ဇန္န၀ါရီ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါ၀င်သော မြိို့နယ်များ စာရင်းဖြစ်သည်။

Pajau Media
Dec 25, 20251 min read


မြစ်ကြီးနားမြို့ရှိ လေတပ်စခန်း တိိုက်ခိုက်ခံရပြီးနောက် လိုင်ဇာမြို့ အသေခံဒရုန်း ပစ်ခတ်ခံရ
ပါဂျောင်မီဒီယာ ၂၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ယနေ့ ဒီဇင်ဘာ၂၅ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင် လေတပ်စခန်းဌာနချုပ်ကို KIA မှ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် စစ်ကောင်စီက မွန်းလွဲ ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအချိန်အထိ KIO ဌာနချုပ်ရှိရာ လ

Pajau Media
Dec 25, 20251 min read


ရွှေးကောက်ပွဲနှင့် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဖားကန့်သပိတ် အင်အားစုများ ဆန္ဒထုတ်ဖော်
ပါဂျောင်မီဒီယာ ၂၅ရက်၊ ဒီဇင်ဘာ၊၂၀၂၅။ စစ်တပ်က ပြုလုပ်ကျင်းပသွားမည့် ရွှေးကောက်ပွဲနှင့် ပြန်လည်အကောင်အထည်ဖော်နေသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းတို့အတွက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဖားကန့်သပိတ် အင်အားစုများက ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဆန္ဒထုတ်ဖော်လှုပ်ရှားခဲ့သည်။ ဖားကန့်မှော်လှည့် သပိတ်နှင့် ဖားကန့်သပိတ်အင်အားစုများ ပူးပေါင်းပြီး စစ်တပ်ပြုလုပ်သွားမည့် ရွှေးကောက်ပွဲတွင် ပြည်သူများ မဲမပေးကြရန်နှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရန်အတွက် လှုပ်ရှားခဲ့ကြသည်။ လူထုဆန့်ကျင်မှုကြောင့်

Pajau Media
Dec 25, 20251 min read


ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအပေါ် ပြည်သူလူထု၏ သဘောဆန္ဒအတိုင်းရပ်တည်မည်ဖြစ်ကြောင်း KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူပြော
ပါဂျောင်မီဒီယာ ၂၄ရက် ဒီဇင်ဘာ ၂၀၂၅ စစ်တပ်က ပြန်လည်ဖော်ဆောင်နေသည့် ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအပေါ် ပြည်သူလူထု၏ သဘောဆန္ဒအတိုင်းရပ်တည်မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ဒေသခံပြည်သူလူထုကန့်ကွက်မှုကြောင့် ၁၄နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော်ရန် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဒီဇင်ဘာ ၁၇ ရက်နေ့ မြစ်ကြီးနားခရီးစဉ်တွင် ဒေသခံများအား ပြောဆိုခဲ့သည်။ ၎င်းစီမ

Pajau Media
Dec 24, 20251 min read
bottom of page