top of page

PAJAU MEDIA CHANNEL


တစ်နှစ်နီးပါး ရှိလာပြီဖြစ်သည့် ဗန်းမော်ဒေသ စစ်ရှောင်များ စားဝတ်နေရေး ခက်ခဲလာ
ပါဂျောင်မီဒီယာ ၁၂ရက်၊နိုဝင်ဘာ၊၂၀၂၅။ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်သည့် ဗန်းမော်ဒေသမှ အရပ်သားပြည်သူ ဒေသခံများမှာ တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှ ကူညီထောက်ပံ့မှ အမြဲမရရှိဘဲ စားဝတ်နေရေး ခက်ခဲကြပ်တည်းလာသည်ဟု စစ်ရှောင်များပြောပြချက်အရ သိရသည်။ ဗန်းမော်ဒေသသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ရက်နေ့ကတည်းက ဗန်းမော်မြို့ မလိခချောင်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် မြလယ်၊ ဟန်ထက်၊ ကောင်းတုံ၊ မန်တဲ၊ မုံးခေါင်၊ လန်ကား၊ မုန်းဒိန်ပါ၊ စင်းခန်းနှင့် အခြားကျေးရွာများ (၃၀)ကျော်မှ စစ်ရှောင်လာသည့် ဒေသ

Pajau Media
Nov 12, 20251 min read


၀ိုင်းမော်-လမြန်ဘက် လက်တလော စစ်ရေးငြိမ်သက်နေ
ပါဂျောင်မီဒီယာ ၁၂ရက်၊ နို၀င်ဘာ၊ ၂၀၂၅။ ကချင်ပြည်နယ် ဖားကန့်၊ ဗန်းမော်ဒေသများတွင် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေသော်လည်း ၀ိုင်းမော်ဒေသတွင် လက်တလော စစ်ရေးငြိမ်သက်နေသည်ဟု ဒေသခံများက ပြောသည်။ " အခုတလော ၀ိုင်းမော်-လမြန်ဘက်မှာ နည်းနည်းငြိမ်နေတယ်။ လမ်းသွားလမ်းလာပြည်သူတွေလဲ ဘာမဖြစ်ဘူးလို့ ပြောကြတယ်။ ရွေးကောက်ပွဲနီးလေ နေ့တိုင်းလက်နက်ကြီးသံတွေ ကြားနေရတာ။ ခုတလော မကြားရတာဆိုတော့ ငြိမ်နေတဲ့ အခြေအနေဖြစ်တယ်။" ဟု ဒေသခံတစ်ဦးမှ သိရသည်။ ဗန်းမော်၊ ဖားကန့်ဒေသများမှာ နေ့စဥ် လေယာဥ်ဗုံးဖြင့် ပြင်းပြင်းထန်ထ

Pajau Media
Nov 12, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၁၂ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 12, 20251 min read


ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို တစ်ပတ်တစ်ကြိမ်သာ ဖွင့်ပေးနေ
ပါဂျောင်မီဒီယာ ၁၂ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီကပိတ်ပင်ခဲ့ပြီး လက်ရှိချိန်တွင် တစ်ပတ်ကိုတစ်ကြိမ်သာ ဂိတ်ဖွင့်ပေးကာ သွားလာခွင့်ပေးနေကြောင်း ကားသမားများပြောပြချက်အရ သိရသည်။ “တစ်ပတ်ကို တခါလောက်ဘဲ ဂိတ်ကဖွင့်ပေးတယ် ဘယ်ချိန်ဖွင့်ပေးတယ်ဆိုတာတော့ ရက်သတ်မှတ်ထားတာမရှိဘူး သူတို့ဖွင့်ပေးချင်တဲ့ချိန် ဖွင့်ပေးတယ်"ဟု ကားသမားတစ်ဦးက ပြောသည်။ စစ်ကောင်စီက ဂိတ်ကို ရက်သတ်မှတ်ပြီး ဖွင့်ပေးခြင်းမရှိသည့်အတွက် ကားသမားများသည် လမုန်ဇွတ်နှင့် တန်ဖရဲဂိတ်များတွင်...

Pajau Media
Nov 12, 20251 min read


KIAထိန်းချုပ်နယ်မြေတွင် အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၂၈)ဦးထိ ဖမ်းဆီးအရေးယူနိုင်
ပါဂျောင်မီီဒယာ ၁၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် KIOမူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လာရာ အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၂၈)ဦးနှင့်အတူ ဆေး၊ ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။ မူးယစ်ရောင်းဝယ်သူများထဲမှ ရာမ(၃၈၉)လုံး၊ ဘိန်းဖြူ (၉)ဘူးနှင့် မူးယစ်သုံးစွဲချိန် အသုံးပြုသည့် ပစ္စည်းများ၊ ပိုက်ဆံများစွာကို ဖမ်းဆီးရမိပြီး၊ သက်ဆိုင်သည့် တာဝန်ရှိသူများထံ လွဲအပ်ထားပြီးဖြစ်ကြ

Pajau Media
Nov 11, 20251 min read


Y-12 လေယာဉ်ဗုံးကြဲမှုကြောင့် လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ ကလေးငယ်တစ်ဦး ထိခိုက်
ပါဂျောင်မီဒီယာ ၁၁ရက်၊နိုဝင်ဘာ၊၂၀၂၅။ ဖားကန့်တွင် စစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုကြောင့် လုံးခင်းကျေးရွာတွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှ သိရသည်။ “လုံးခင်းဘက်တဲ့ ဒီနေ့ ၂နာရီလောက်ထိ အသံတွေကြားနေရတုန်းပဲ၊ ကျွန်တော်တို့ ခေါင်းပေါ်ပျံဝဲနေတာ။ အဲ့လေယာဥ်နဲ့ထင်တယ်။ လေယာဥ်ဗုံးနဲ့ အမျိုးသမီးတစ်ယောက် သေဆုံးပြီး ကလေးတစ်ယောက် ဒဏ်ရာရတယ်လို့ကြားတယ်။” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောပြသည်။ စစ်ကော်စီက နေ့လည် ၁နာရီ ခွဲဝန်းကျင်တွင် Y-12 လေယာဥ်ဖြ

Pajau Media
Nov 11, 20251 min read


ဖားကန့်ဒေသ နိုဝင်ဘာ၉ရက်နေ့မှ စစ်ကောင်စီက စစ်ရေးတစ်ဖန် လှုပ်ရှားလာ
ပါဂျောင်မီဒီယာ ၁၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ စစ်ကောင်စီက နိုဝင်ဘာ ၉ရက်နေ့မှစ၍ ဖားကန့်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှု တစ်ဖန် ပြင်းပြင်းထန်ထန် လုပ်ဆောင်လာခဲ့ရာ KIAပူးပေါင်းတပ်ဖွဲ့မှလည်း ခုခံတိုက်ခိုက်နေသောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က လဝါးကျေးရွာမှ ဖားကန့်-မှော်ဆီစာနှင့် လုံးခင်းဝန်းကျင်အတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အရပ်သားပြည်သူ(၂)ဦး အသက်သေဆုံးခဲ့ရပြီး၊ အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့

Pajau Media
Nov 11, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၁၁ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 11, 20251 min read


အ၀ေးသင်ဖြေဆိုသွားသည့် လူငယ်အချို့ လမ်းခရီးတွင် ဖမ်းဆီးခံရ
ပါဂျောင်မီဒီယာ ၁၀ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ ကချင်ပြည်နယ်က ကျောင်သားတစ်ချို့ အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုရန်အတွက် ခရီးသွားလာချိန် မြစ်ကြီးနား-ရွှေဘို-စစ်ကိုင်း စသည့်နေရာများတွင် စစ်တပ်မှ ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း သိရသည်။ "ကျောင်းစာမေးပွဲဖြေဖို့ အိမ်ကနေ ထွက်သွားတာ ခရီးသုံးလေးရက်ကြာလည်း ဘာသတင်းမှပြန်မကြားရဘူး အာ့လိုတွေ အခုတလော ခနခန ဖြစ်နေတယ်" ဟု အဖြစ်မှန်သိသူ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များနှင့် ပျူစောထီးတပ်များပူးပေါင်းကာ ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ ဇီ

Pajau Media
Nov 10, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၁၀ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 10, 20251 min read


မှော်စီစာတွင် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ပြီးသေဆုံး
ပါဂျောင်မီဒီယာ ၁၀ရက်၊ နို၀င်ဘာ၊ ၂၀၂၅။ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင် ယမန်နေ့ နေ့လည် (၁၁)နာရီအချိန်တွင် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်၍ သေဆုံးခဲ့သည်။ သေဆုံးသူအမျိုးသမီးသည် အသက်(၂၀)အရွယ်ခန့်သာရှိပြီး မှော်စီစာမိန်းလမ်းမကြီးအပေါ်တွင်ဖြတ်သန်းသွားသော စစ်ကော်မရှင်၏ ကားအနောက်မှ ဆိုင်ကယ်မောင်းနင်၍ ကပ်ပါလာစဉ် စစ်ကော်မရှင်ဖက်မှ ဖောက်ခွဲသည့် မိုင်းစမှန်၍ သေဆုံးခဲ့ကြောင်း ဒေသခံများမှ ပြောသည်။ သေဆုံးသူအမျိုးသမီးမှာ ဘယ်သူဘယ်ဝါဖြစ်သည်ကို သိရှိရန်အတွက် ဆက်သွယ်စုံစမ်းနေသော်လည်း...

Pajau Media
Nov 10, 20251 min read


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၈ရက်၊နိုဝင်ဘာလ၊၂၀၂၅ခုနှစ်။

Pajau Media
Nov 8, 20251 min read


ဗန်းမော်တိုက်ပွဲ နေ့စဥ်ပြင်းထန်နေ
ပါဂျောင်မီဒီယာ ၈ရက်၊ နို၀င်ဘာ၊ ၂၀၂၅။ ဗန်းမော်တိုက်ပွဲက နို၀င်ဘာလတွင် ၁၁လကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ နေ့စဥ်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ နို၀င်ဘာ ၇ရက်နေ့ထိ ခလရ ၄၇တပ်၊ ၃မိုင်၊ နမ့်ဖား၊ တာမိုင်းလုန်နှင့် ဗန်းနော်တက္ကသိုလ်၀န်းကျင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မြေပြင်ဖြင့်လည်း စစ်ကြောင်းထိုးတိုက်ခိုက်နေကြောင်း သိရသည်။ တိိုက်ပွဲမှာ နေ့စဥ်ပြင်းထန်နေရာ စစ်ကောင်စီမှလည်း ပြန်လည်သိမ်းပိုက်ခြင်း မရှိသလို KIAပူးပေါင်းတပ်ဖွဲ့မှလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခြင

Pajau Media
Nov 8, 20251 min read


အင်းတော်မြို့ကို ညမထွက်ရအမိန့် ထုတ်ပြန်
ပါဂျောင်မီဒီယာ ၇ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အင်းတော်မြို့ကို အင်းတော် (ပကဖ) က ညမထွက်ရအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းမှာ မြို့နယ်အတွင်း ခိုးမှု၊ လုယက်မှု၊ မူးယစ်ရောင်းဝယ်စားသောက်မှုများ များပြားလာသောကြောင့် ည ၈နာရီမှ မနက် ၄နာရီအထိ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။ ညမထွက်ရအမိန့်ကို နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း Indaw R

Pajau Media
Nov 7, 20251 min read


အောက်တိုဘာလအတွင်း အမျိုးသမီး(၇၀) ဦး သေဆုံး
ပါဂျောင်မီဒီယာ ၇ရက်၊ နို၀င်ဘာ၊ ၂၀၂၅။ နိုင်ငံတစ်၀န်း အောက်တိုဘာလအတွင်း အမျိုးသမီး(၇၀) ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU)က ထုတ်ပြန်ထားသည်။ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်းကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ဟု ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၆ရက်နေ့ ည ၈နာရီ ဝန်းကျင်အချိန် မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ်၊ ချောင်းဦးမြို့နယ် မြောက်ခြမ်း တစ်နေရာတွင် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီးထွန်း သပိတ် ပြုလုပ်နေသူများအ

Pajau Media
Nov 7, 20251 min read


စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မဲပေးခိုင်းရင် တိုင်ကြားနိုင်ဟု NUGပြော
ပါဂျောင်မီဒီယာ ၇ရက်၊ နို၀င်ဘာ၊ ၂၀၂၅။ တစ်နိုင်ငံလုံးတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူများအား မဲပေးရန် အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုလျှင် NUGအစိုးရကို တိုင်ကြားနိုင်သည်ဟု ယမန်နေ့ နို၀င်ဘာ ၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အတင်းအကြပ်ခိုင်းစေကာ မဲပေးခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲတွင် မဲပေးခြင်းနှင့် ကြိုတင်မဲပေးရေးတွင် အတင်းအကြပ်မဲပေးခိုင်းစေလျင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUGက ထ

Pajau Media
Nov 7, 20251 min read


ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ
ပါဂျောင်မီဒီယာ ၇ရက်၊ နိုဝင်ဘာ၊၂၀၂၅။

Pajau Media
Nov 7, 20251 min read


မိုးများပြီး ပျက်စီးခဲ့ရသည့် ကားလမ်းမပြုပြင်နိုင်သေးသောကြောင့် ရီဒမ်းဒေသခံများ ခက်ခဲ
ပါဂျောင်မီဒီယာ ၆ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် မိုးများသောကြောင့် ပျက်စီးခဲ့ရသည့် ခေါင်လန်ဖူးနှင့် နောင်မွန်းဆက်သွယ်ထားသည့် ကားလမ်းမှာ လက်ရှိအချိန်ထိ မပြုပြင်နိုင်သေးဘဲ ဒေသခံများ ခက်ခဲနေကြကြောင်း သိရသည်။ မိုးများပြီး ရေကြီးရေလျှံဖြစ်ကာ ခေါင်လန်ဖူး-ရီဒမ်းကျေးရွာမှ ကျောင်းဆောင်တစ်ခု ရေစီးထဲတွင် မျောပါသွားခဲ့ရသဖြင့် ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ခန်း တည်ဆောင်နိုင်ရန် ပစ္စည်းသယ်ယူရာမှာ လမ်းခရီးမပြုပြင်နိုင်သေးသောကြောင့် ခက်ခဲနေကြခြင်း ဖြစ်သည်။ ပျက်စီ

Pajau Media
Nov 6, 20251 min read


မြစ်ကြီးနား-ပူတအိုကားလမ်း ပိတ်ထားသည့်အပြင် လေကြောင်းလိုင်းများ ပြည့်ကြပ်နေသောကြောင့် အဝေးသင်ကျောင်းသားများ ပြန်လမ်းခက်ခဲနေ
ပါဂျောင်မီဒီယာ ၆ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ မြစ်ကြီးနား-ပူတာအိုကားလမ်း ပိတ်ထားပြီးနောက် လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲလာပြီး အဝေးသင်ကျောင်းသား/သူများ ပြန်လမ်းမရှိ သောင်တင်နေကြောင်း တက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။ "ပူတာအိုဘက်က အဝေးသင်လာတက်တဲ့ ကျောင်းသား/သူတွေ အများပိုင်း အပြန်လမ်းပိတ်မိနေကြတယ်။ လေယဉ်လက်မှတ် ဝယ်လို့လည်းမရတော့ဘူး၊ နိုဝင်ဘာလကုန်အထိ လေယာဉ်နေရာတွေ အကုန်ပြည့်နေတယ်လို့ပြောတယ်။ အဆင်းတော့လွယ်တယ်။ ပူတာအိုအတက် လေယာဉ်နေရာတွေ ရဖို့တအားခက်နေတယ်။ အရင်လက သွားလာခွင့်ပိတ်ခံထားတာဖြစ်ပ

Pajau Media
Nov 6, 20251 min read


ဖားကန့်ဒေသ သေနတ်ပစ်သတ်ခံရသည့် အမျိုးသားနှစ်လောင်းတွေ့ရှိ
ပါဂျောင်မီဒီယာ ၆ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ ကချင်ပြည်နယ် ဖားကန့်မြို့ ယူမာကျေးရွာနှင့် မရှီကထောင်ရပ်ကွက်တို့တွင် သေနတ်ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ အလောင်းကို ယနေ့မနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ "ညက သေနတ်သံကြားရတယ်။ နောက်မနက် ထကြည့်လိုက်တော့ သေနတ်ဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေ့ရတယ်"ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးနေသည့် အမျိးသားနှစ်ဦးမှာ မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပစ်သတ်ခဲ့ကြောင်း အသေးစိတ် မသိရှိရသေးဘူးဟု အထက်ပါက ဆက်ပြောသည်။ ထိုသေနတ်ဒဏ်ရ

Pajau Media
Nov 6, 20251 min read
bottom of page