top of page

PAJAU MEDIA CHANNEL


စစ်ကောင်စီက မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူတွေကို ဖမ်းဆီးပေမယ့် ဒိုင်ကြီးတွေလွတ်နေဆဲ
ပါဂျောင်မီဒီယာ ၁၉ရက်၊ မေလ၊ ၂၀၂၆။

Pajau Media
May 191 min read


ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်တပ်ထိုးစစ်ဆင်နေ
ပါဂျောင်မီဒီယာ ၁၉ရက်၊ မေလ၊ ၂၀၂၆။ စစ်ကောင်စီလက်လွှတ်လိုက်ရသည့် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မေလ ၁၇ ရက်နေ့မှစပြီး ပြန်လည်ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်နေပြီး စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။ စစ်တပ်က ထို ၅ လမ်းဆုံစခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲမှာလည်း နားလိုက်ဖြစ်လိုက် အခြေအနေမျိုးဖြင့် ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ထို ၅ လမ်းဆုံစ

Pajau Media
May 191 min read


ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွား
ပါဂျောင်မီဒီယာ ၁၈ရက်၊မေ၊၂၀၂၆။ ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၉)၊ အမှတ်(၂)၊ တပ်မဟာ(၈)နှင့် အမှတ်(၁၁)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း

Pajau Media
May 181 min read


လိုင်ဇာ-မိုင်ဂျာယန်နှင့် လိုင်ဇာ-ဂါးရာယာန်-မြို့သစ် ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ
ပါဂျောင်မီဒီယာ ၁၈ရက်၊မေ၊၂၀၂၆။ ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှတဆင့် မိုင်ဂျာယာန်၊ ဂါးရာယာန် နှင့် မြို့သစ် စသည့်မြို့များသို့ ခရီးသွားပြည်သူများ သက်တောင့်သက်သာဖြင့် ခရီးသွားလာနိုင်ရန် ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ မေလ ၁၆ ရက်နေ့မှစ၍ ဘတ်စ်ကားလိုင်းများကို သတ်မှတ်ချိန်အတွင်း စတင်ပြေးဆွဲခဲ့ပြီး၊ ယခုကဲ့သို့ KIO အစိုးရမှ ခရီးသွား ဘတ်စ်ကားလိုင်းများ ပြေးဆွဲရန် စီစဉ်ပေးမှုသည် ဒေသတွင်းခရီးသွားလာသော ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် ဖြစ

Pajau Media
May 181 min read


လုံးခင်းကျေးရွာ လက်နက်ကြီးကြောင့် နေအိမ်၁လုံးနှင့် ပြည်သူ၅ဦး ထိခိုက်သေဆုံး
ပါဂျောင်မီဒီယာ ၁၈ရက်၊ မေလ၊ ၂၀၂၆။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် နေအိမ် ၁ လုံးမီးလောင်ပြီးပျက်စီးခဲ့သည့်အပြင် အမျိုးသမီး ၃ဦး သေဆုံးကာ နောက်ထပ်ပြည်သူ ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ယမန့်နေ့ မေလ ၁၇ရက်မနက် ၁၁ နာရီခန့်မှ စပြီး ဗျူဟာကုန်းနေရာမှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်လေ့ရှိရာ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထ

Pajau Media
May 181 min read


စစ်တပ်ဂိတ်မှ ဆိုင်ကယ်၊ သုံးဘီးကအစ မြို့ဝင်ကြေးကောက်ခံနေ
ပါဂျောင်မီဒီယာ ၁၇ရက်၊ မေလ၊ ၂၀၂၆။ ပူတာအိုမြို့အဝင် စစ်တပ်နှင့် ပြည်သူ့စစ်ဂိတ်များတွင် မေလ ဒုတိယပတ်မှစ၍ မြို့ဝင်ကြေး စတင်ကောက်ခံနေပြီဖြစ်ကြောင်း သိရှိသည်။ ယခင်က ကုန်တင်ကားနှင့် ခရီးသည်ယာဉ်များအတွက်သာ ဂိတ်ကြေးပေးဆောင်ခဲ့ကြရသော်လည်း ယခုအချိန်တွင်မြို့ဝင်/ထွက် ယာဉ်ကြီး၊ ယာဉ်ငယ်အားလုံးကို ဂိတ်ကြေး အခွန်ကောက်ခံနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ "မေလဒုတိယအပတ်ကနေ မူလာရှီးဒီစုပေါင်းဂိတ်နဲ့ လေဆိပ်နားကမြို့အထွက် ပြည်သူ့စစ်ဂိတ်နှစ်ခုစလုံးမှာ ဂိတ်ကြေးစကောက်နေကြပြီ။ သုံးဘီး၊ ဆိုင်ကယ်၊ ယာဉ်အားလုံ

Pajau Media
May 171 min read


အပတ်စဥ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၁၆ရက်၊ မေလ၊ ၂၀၂၆။

Pajau Media
May 161 min read


ကျောင်းပြောင်းလက်မှတ် မထုတ်ပေးနိုင်သဖြင့် ကျောင်းပြောင်းရမည့် ကလေး၊ မိဘများအခက်တွေ့နေ
ပါဂျောင်မီဒီယာ ၁၆ ရက်၊ မေလ၊ ၂၀၂၆။ ပူတာအိုမြို့နယ်အတွင်း အထက(တွဲဖက်) ကျောင်းများတွင် သင်းကြားနေသည့်ကလေးများ ကျောင်းပြောင်းရန် ကျောင်းပြောင်းလက်မှတ်၊ ထောက်ခံချက်များ မထုတ်ပေးသောကြောင့် ကျောင်းပြောင်းရမည့်ကလေးများ အခက်တွေ့နေကြရကြောင်း သိရှိရသည်။ ပူတာအိုမြို့နယ်အတွင်း အခြေခံပညာအထက် တန်းကျောင်း (၂)ကျောင်းရှိပြီး ၎င်း၏ တွဲဖက်အထက်တန်းကျောင်းများ(၁၀)ကျောင်းခန့် ရှိသည်ဟု သိရသည်။ ယခင်နှစ်များ၌ နိုင်ငံရေးအခြေအနေကြောင့် အထက်တန်းကျောင်းသား၊ သူများ ရှိသင့်သည့် ဦးရေအောက် လျှော့နည်းသည့်...

Pajau Media
May 161 min read


ဗန်းမော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေဆဲ
ပါဂျောင်မီဒီယာ ၁၅ ရက်၊ မေလ၊ ၂၀၂၆။ ကချင်လွတ်လပ်ရေးတပ်(KIA)က ဖော်ဆောင်နေသည့် ဗန်းမော်မြို့တိုက်ပွဲမှာ တိုက်ပွဲနေ့စဥ် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ ဗန်းမော်မြို့ရှိ KIAနှင့်တော်လှန်ရေးတပ်ဖွဲ့များတပ်စွဲထားသည့် ပေါက်ကုန်း၊ ကိုက္ကူတော စသည့် ရက်ကွက်နေရာများကို စစ်ကောင်စီဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီဘက် ထိုးစစ်ဆင်လာသောကြောင့် နေ့စဥ် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီက စကခ(၂၁) နေရာတွင်လည်း နေ့စဥ် Y-8 လေယာဥ်ဖြင့် စာ

Pajau Media
May 151 min read


ဖားကန့်-ကားမိုင်း-နန့်ယာ သွားလမ်းပိုင်းကို တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ယာဉ်ကြီး ယာဉ်ငယ်များ သွားလာနေ
ပါဂျောင်မီဒီယာ ၁၅ရက်၊ မေလ၊ ၂၀၂၆။ ကချင်ပြည်နယ် ဖားကန့်-ကားမိုင်း-နန့်ယာ သွားလမ်းပိုင်းကို တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ယာဉ်ကြီး ယာဉ်ငယ်များ သွားလာနေကြကြောင်း ဖားကန့်ဒေသခံများပြောဆိုချက်အရသိရသည်။ ဖားကန့်-ကားမိုင်း-နန့်ယာကားလမ်းပိုင်းကို စစ်ရေးအခြေနေကြောင့် ကချင်လွတ်လပ်ရေးတပ် KIA ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က သွားလာခွင့်ကို ရက်အကန့်အတန့်မရှိ ပိတ်ထားခဲ့သည်။ သို့သော် ထိုကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီခွင့်ပြုချက်အရ ပြီးခဲ့သည့် မေလ ၁၂ ရက်နေ

Pajau Media
May 151 min read


ရေကြည်ချောင်းဒေသရှိ ဒေသခံ ပြည်သူများကို ဟူးကောင်းဒေသတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်များက နေရာရွှေ့ပြောင်းခိုင်းနေ
ပါဂျောင်မီဒီယာ ၁၄ရက်၊ မေလ၊ ၂၀၂၆။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရေကြည်ချောင်းဒေသရှိ ဒေသခံ ပြည်သူများကို ဟူးကောင်းဒေသတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်များက နေရာရွှေ့ပြောင်းခိုင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ စစ်ကောင်စီပူးပေါင်းတပ်များက ပြီးခဲ့သည့် မေလ ၉ရက်နေ့ကစပြီး ရေကြည်ချောင်းနှင့် ပေါက်၀ဘက်တွင် နေထိုင်ကြသည့် ပြည်သူများကို အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းနေပြီး မပြောင်းရွှေ့ရင် နေအိမ် မီးရှို့ဖျက်ဆီးမည်ဟု ချိန်းခြောက် ပြောဆိုနေကြောင်း သိရသည်။ ရွှေမ

Pajau Media
May 141 min read


ပူတာအိုမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ၏မတရားလာဘ်စားမှုကြောင့်ဒေသခံများအခက်တွေ့နေ
ပါဂျောင်မီဒီယာ ၁၄၊ မေ၊ ၂၀၂၆။ ပူတာအိုမြို့ လဝကရုံးဝန်ထမ်းများ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုအခြေအနေတွင် နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား၊ အိမ်ထောင်စု စသည့် စရွက်စာတမ်းများဆိုင်ရာနှင့်ပတ်သက်၍ သွားရောက်လျှောက်ယူသည့်ကိစ္စများ၌ ယခင်ကထက် ပိုမိုခက်ခဲလာသည့်အပြင် ဆိုးရွားစွာလာဘ်ငွေများတောင်းခံကြ၍ ဒေသခံပြည်သူများအခက်ကြုံနေကြရသည်ဟု ဆိုသည်။ နိုင်ငံသားကဒ်ပြားတစ်ခုရရှိဖို့အတွက် ၃သိန်းမှ ၅သိန်းကြား ကုန်ကျရသည့်အပြင် အခြားသောစာရွက်စာတမ်းများလျှောက်ထားရာ၌လည်း ရံပုံငွေထည့်ဝင်ရန်ဆိုသည့်ခေါင်းစဉ်ဖြင့်..

Pajau Media
May 141 min read


အကြမ်းဖက်စစ်အုပ်စုကြောင့် ၄လအတွင်း အသက်မပြည့်သေးသည့် ကလေးငယ် (၇၅) ဦး သေဆုံး
ပါဂျောင်မီဒီယာ ၁၃ ရက်၊ မေလ၊ ၂၀၂၆။ ၂၀၂၆ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် (၁၈) နှစ်အောက်ကလေးငယ် စုစုပေါင်း (၇၅) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ယမန်နေ့ မေလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှသိရသည်။ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်နှစ်လအရွယ် ယောက်ျားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် ယောက်ျားလေး (၃၉) ဦး၊ မိန်းကလေး (၃၆) ဦး စုစုပေါင်း (၇၅) သေဆုံးခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသတွင် (၂၅) ဦးဖြ

Pajau Media
May 131 min read


မိုးမိတ် – မဘိမ်းကြားတွင်နေထိုင်ကြသည့် စစ်ရှောင်များကြိုတင်ရွှေ့ပြောင်းကြရန် တော်လှန်ရေးတပ်များက သတိပေး
ပါဂျောင်မီဒီယာ ၁၃ရက်၊ မေလ၊ ၂၀၂၆။ ရှမ်းမြောက်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချူပ်ထားသည့် မဘိမ်းဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာသောကြောင့် မိုးမိတ် – မဘိမ်းကြားတွင်နေထိုင်ကြသည့် စစ်ရှောင်များကြိုတင်ရွှေ့ပြောင်းကြရန် တော်လှန်ရေးတပ်များက သတိပေးထားကြောင်း သိရပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက မန္တလေး-မိုးမိတ်-မဘိမ်း–ငါးအိုး လမ်းအတိုင်း စစ်အင်အားအလုံးအရင်းဖြင့် ကချင်ပြည်နယ်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ်သည်။ ထိုသို့ စစ်ကြောင်းထိုး

Pajau Media
May 131 min read


လုယှက်မှုတွေများပြားနေပြီး လုံခြုံမှုမရှိတော့သော မြစ်ကြီးနားမြို့
ပါဂျောင်မီဒီယာ ၁၂ ရက်၊ မေလ၊ ၂၀၂၆။ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း လုယှက်မှုတွေ ခပ်စိပ်စိပ်တွေ့လာနေရသောကြောင့် လုံခြုံမှုမရှိတော့ဘူးဟု မြစ်ကြီးနားမြို့ခံများက ဆိုကြသည်။ မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့လုယှက်တာ၊ နေအိမ်အတွင်းဖောက်ထွင်းဝင်ရောက်တာတွေအပြင် ပစ္စည်းလုယှက်ရင်း ဓားထိုးခံရတာ၊ ရိုက်နှက်ခံရတာတွေလည်း ရှိနေသည်ဟု ဆိုသည်။ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်းတွင်လည်း မြေမြင့်ရပ်ကွက်၊ မြေမြင့်အပေါင်ဆိုင်နောက် ဈေးတန်းဝန်းကျင်တွင်လည်း ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့

Pajau Media
May 121 min read


စစ်တပ်ရိက္ခာသယ်ဆောင်လာသည့်ယာဉ်တန်း တိုက်ခိုက်ခံရ
ပါဂျောင်မီဒီယာ ၁၂ရက်၊ မေလ၊ ၂၀၂၆။ လတ်တလော စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်သည့် ထီးချိုင့် - ကသာလမ်းပိုင်းတွင် စစ်တပ်ရိက္ခာသယ်ဆောင်လာသည့်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် လက်နတ်ပစ္စည်းတစ်ချို့သိမ်းယူနိုင်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်များမှ သိရသည်။ စစ်ကောင်စီက ထီးချိုင့်မြို့ကနေ ကသာမြို့ဘက်ကို ရိက္ခာပို့ထွက်လာသည့် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနှင့် မဟာမိတ်တော်လှန်ရေးတပ်တွေစုပေါင်းပြီး နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်

Pajau Media
May 121 min read


ရွှေဘို-မြစ်ကြီးနာကြား ကွင်းလမ်း(၃)နေရာရှိနေဆဲ
ပါဂျောင်မီဒီယာ ၁၂ရက်၊ မေလ၊ ၂၀၂၆။ စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့် မန္တလေး-မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းတွင် ရွှေဘို-မြစ်ကြီးနာကြား ကွင်းလမ်း(၃)နေရာရှိနေဆဲဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။ စစ်ကောင်စီသည် ထီးချိုင့်-ကသာ ဒေသကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မေလ(၉)ရက်နေ့မှ စတင်ပြီး နှစ်ရှည်ကြာပိတ်ထားသည့် မန္တလေး-မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ထိန်းချုပ်လိုက်ကြောင်း သိရသည်။ သို့သော် စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့် မန္တလေး-မြစ်ကြီးနားဗျူဟာကားလမ်းပိုင်း

Pajau Media
May 121 min read


ဖားကန့်-လုံးခင်းဘက် စစ်ရေးပြင်းထန်နေဆဲ
ပါဂျောင်မီဒီယာ ၁၁ရက်၊မေ၊၂၀၂၆။ ဖားကန့်-ဆိုင်းတောင်ဘက် ထိုးစစ်ဆင်ရန် ချီတက်လာသည့် စစ်ကော်မရှင်တပ်သားများကို လုံးခင်းကျေးရွာတွင် KIAပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်နေသောကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ကာ စစ်ရေးပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။ စစ်အင်အား ၃၀၀ကျော်ရှိသည့် စစ်ကော်မရှင်တပ်သားများမှာ လုံးခင်း မှော်ဆီစာမှ ဘုရာင်းကုန်း၊ ဂေါက်ကွင်း၊ ဟိုတယ် စသည့် အဆောက်အအုံ နေရာများတွင် တပ်စွဲထားပြီး တော်လှန်ရေးတပ်များရှိရာဘက် ပစ်ခတ်တိုက်ခိုက်နေသလို တော်လှန်ရေးဘက်မှလည်း ခုခံတိုက်ခို

Pajau Media
May 111 min read


ဧပြီလအတွင်း အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထုတ်ပြန်
ပါဂျောင်မီဒီယာ ၁၁ရက်၊ မေလ၊ ၂၀၂၆။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ဧပြီလတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၅၆ ခု ကျူးလွန်ခဲ့ရာ လေကြောင်း တိုက်ခိုက်မှု ၁၇၈ ကြိမ်ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၁၃၈ ဦးသေဆုံးကာ ၂၀၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူနေအ

Pajau Media
May 111 min read


ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၂၀ ကြိမ်ဖြစ်ပွား
ပါဂျောင်မီဒီယာ ၁၁ရက်၊မေ၊၂၀၂၆။ ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၉)၊ အမှတ်(၃)နှင့် အမှတ်(၁၁)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေ ၃ရက်နေ့မှ ၉ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဒရုန်းဗုံး ၃၄

Pajau Media
May 111 min read
bottom of page