top of page

PAJAU MEDIA CHANNEL


လုံရှာယန်ဒေသရှိ စတားလင့်ဝိုင်ဖိုင်စက်များအား စစ်တပ်မှ သိမ်းဆည်းသွားသောကြောင့် ဒေသခံများ အဆက်အသွယ်ခက်ခဲနေ
ပါဂျောင်မီဒီယာ ၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ပူတာအို-လုံရှာယန်ကျေးရွာမှ စတားလင့်ဝိုင်ဖိုင်စက်များကို စစ်ကောင်စီက သိမ်းပြီးနောက် ကျေးရွာတွင်း ဝိုင်ဖိုင်အင်တာနက်မရှိသောကြောင့် အဆက်အသွယ်အတွက် ခက်ခဲကြပ်တည်းလာကြောင်း ဒေသခံများထံမှ သိရသည်။ “လုံရှာယန်မှာ စခန်းမှူးပစ်သတ်ခံရပြီးနောက်ပိုင်း ဝိုင်ဖိုင်စက်တွေ သိမ်းသွားတာ။ လိုင်းမရှိလို့ အဆက်အသွယ် အရမ်းခက်သွားတယ်။ စတားလင့်ရှိတုန်းကဆို နိုင်ငံခြားရောက်နေသူတွေနဲ့လည်း ဆက်သွယ်နိုင်တယ်။ အခုက ဖုန်းလိုင်းကမရှိတာနဲ့၊ အမှောင်ထုထဲ နေနေရသလိုပဲ။” ဟု မြစ်ကြီး

Pajau Media
Feb 61 min read


တိုက်ပွဲကြောင့် မြစ်ကြီးနား-ရွှေဘိုသွား ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်ထား
ပါဂျောင်မီဒီယာ ၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ မြစ်ကြီးနား-ရွှေဘိုသွားလမ်းပိုင်းရှိ ကျောက်တန်းရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရွှေကိုးပင်ဂိတ်ကို ရက်အကန့်သတ်မရှိ ပိတ်လိုက်သောကြောင့် ကားအစီးရေများစွာ ပိတ်မိနေကြောင်း ကားသမားများထံမှ သိရသည်။ စစ်ကောင်စီသည် မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းရှိ ရွှေကိုးပင်ဂိတ်ကို ပိတ်ထားသလို၊ အတက်ကားများကို ပိတ်ပင်ထားပြီး အဆင်းကားများကိုသာ လွှတ်ပေးနေသောကြောင့် ခရီးချိန်ကြန့်ကြာမှုရှိနေကြောင်း သိရသည်။ “အဆင်းဆိုရင်ရတယ်။ အတက်ဆိုရင်..

Pajau Media
Feb 61 min read


အင်ဂျင်ဝိုင်မီးရှို့မှုကြောင့် ဆိုင်းတောင်တစ်မြို့လုံး အနံ့ဆိုးထွက်ရှိနေ
ပါဂျောင်မီဒီယာ ၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၊ ဖားကန့်-ဆိုင်းတောင်ကျေးရွာတွင် အင်ဂျင်ဝိုင်ချက်ရာမှ ထွက်ရှိလာသည့် အရည်များကို ဉရုချောင်းထဲ သွန်ချသောကြောင့် တစ်မြို့လုံး အနံ့ဆိုးများ ထွက်နေသည့်အပြင် အချို့မှာ အော့အန်မူးဝေခြင်းများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အင်ဂျင်ဝိုင်မီးရှို့မှုကြောင့် တစ်မြို့လုံး အနံ့ဆိုးဖုံးလွမ်းသွားခဲ့ပြီး၊ ကျန်အရည်များကို ချောင်းထဲ သွန်ပစ်သောကြောင့်လည်း အော့အန်မူးဝေကာ မအီမသာ ဖြစ်ခဲ့ကြကြောင်း သိရသည်။ ဖေဖော

Pajau Media
Feb 61 min read


ကျားဖြန့်လုပ်ငန်းများ လက်မခံရန် ကချင်တော်လှန်ရေးနေ့တွင် မိန့်ကြား
ပါဂျောင်မီဒီယာ ၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ယနေ့ကျရောက်သည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်တွင် ငွေကြေးလိမ်လည်သည့်လုပ်ငန်း၊ ကျားဖြန့်လုပ်ငန်းများကို လက်မခံရန် KIO/ KIA ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ ယနေ့အအချိန်တွေ ငွေကြေးလိမ်လည်သည့် ကျားဖြန့် လုပ်ငန်းများကို အထူးသတိပြုရမည်ဖြစ်ပြီး၊ ထိုကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ခြင်းမပြုရန်နှင့် မိမိနယ်မြေဒေသတွင်း ကျားဖြန့်လုပ်ငန်းများ ဖွင့်လှစ်ခြင်းများ မပြုလုပ်ရန် ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကျားဖြန့်လုပ်ငန်းသည် လူငယ်များကိ

Pajau Media
Feb 51 min read


ရွှေညောင်ပင်ကျေးရွာ လေကြောင်းဗုံးကြဲခံရ၊ ပြည်သူများ ထိခိုက်ဒဏ်ရာရ
ပါဂျောင်မီဒီယာ ၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝိုင်းမော်-လိုင်ဇာသွားလမ်းရှိ ရွှေညောင်ပင်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကားဝပ်ရှော့တစ်ခုတွင် ကျရောက်ပေါက်ကွဲပြီး၊ အရပ်သားပြည်သူ (၁)ဦးသေဆုံးပြီး၊ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ရွှေညောင်ပင်ကျေးရွာရှိ ကားဝပ်ရှော့ ၁

Pajau Media
Feb 51 min read


စစ်ကောင်စီမှဖမ်းဆီးထားသည့် ကုန်တင်ကားကြီးများကို မိုင်းနားဘောလုံးကွင်းထဲ သိမ်းဆည်းထား
ပါဂျောင်မီဒီယာ ၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ စစ်ကောင်စီတပ်ဖွဲ့က ပုံမှန်ဖြတ်သန်းသွားလာနေသည့် ကုန်တင်ကားကြီးများကို မိုင်းနားဘောလုံးကွင်းတွင် ဖမ်းဆီးကာ သိမ်းဆည်းထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ဒေသခံတစ်ဦးက “ဖေဖော်ဝါရီ ၂ ရက်နေ့ ဖြတ်လာတဲ့ကားတွေ အားလုံးကို စစ်သားတွေနဲ့ ဘောလုံးကွင်းထဲကို မောင်းဝင်သွားတယ်။ အဲ့ဒီထဲမှာ စစ်သားတွေလဲ ရှိတယ်၊ စောင့်နေတယ်။ အခုထိ သိမ်းထားဆဲဟုတ်တယ်။ ပိုက်ဆံနဲ့ ပြန်ရွေးထုတ်ရမလား မသိဘူး။ ကုန်တင်ကားတွေကို ပိုက်ဆံအရမ်းကောက်တယ် ဆိုတဲ့သတင်းကြောင့် လုပ်တယ်လို့ မြင်

Pajau Media
Feb 51 min read


ဝိုင်းမော်-ကန်ပိုင်တည်လမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်
ပါဂျောင်မီဒီယာ ၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ဝိုင်းမော်မြို့မှ ကန်ပိုင်တည်မြို့သွားသည့် လမ်းပိုင်းများတွင် တိုက်ပွဲများကြောင့် ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ပြီး၊ ခရီးသွားကားများ သွားလာသူမရှိ ကားလမ်းပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး ကုန်တင်ယာဉ်များနှင့် ခရီးသွားကားများအားလုံးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွ

Pajau Media
Feb 41 min read


ဗန်းမောက်မြို့ စစ်ရေးပြင်းထန်၊ တော်လှန်ရေးတပ်များ တပ်ဆုတ်ခွာနေ
ပါဂျောင်မီဒီယာ ၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအဆက်မှ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို ရှမ်းနီ (SNA)ပြည်သူ့စစ် ထိုးစစ်နှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်နေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များသည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက စစ်လက်နတ် အင်အားအလုံးအရင်းနှင့် ဗန်းမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်

Pajau Media
Feb 41 min read


အာလမ်-ဒွမ်ဂန်ဒေသ စက်ကြီးများဖြင့် ရွှေတူးဖော်လာခြင်းကို ဒေသခံများ မလိုလား
ပါဂျောင်မီဒီယာ ၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ မြစ်ကြီးနား၊ ဆယ်မိုင်အထက်ပိုင်းရှိ အာလမ်နှင့် ဒွမ်ဂန်ကျေးရွာတွင် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက လုပ်ငန်းရှင်များက စက်ယန္တရားကြီး၊ ဘက်ဟိုးများဖြင့် ရွှေတူးဖော်လာသောကြောင့် ဒေသခံပြည်သူများ မလိုလားကြောင်း ဒွမ်ဂန်ဒေသခံများ ပြောပြချက်အရ သိရသည်။ ရွှေတူးဖော်ခြင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦး ပြောဆိုချက်မှာ "အဲဒီနေရာက ဒေသခံတွေ လက်နဲ့ပဲ တစ်နိုင်တစ်ပိုင် တူးကြတဲ့နေရာဟုတ်တယ်။ ရွှေနဲနဲရတာနဲ့ ရောင်းချကြပြီး ဝင်ငွေလုပ်ကြတာ။ စက်ကြီးတွေနဲ့ တူးဖော်လိုက်ကတည်းက ဒေသခံ

Pajau Media
Feb 41 min read


ဖားကန့်ဒေသ လတ်တလောတွင် တိုက်ပွဲပြင်းထန်နေပြီး၊ လေယာဉ်ဗုံးပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ရှိနေ
ပါဂျောင်မီဒီယာ ၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ လတ်တလော ဖားကန့်ဒေသဘက် စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး၊ နေ့စဉ်တိုက်ပွဲပြင်းထန်နေသည့်အပြင် ယနေ့ဖေဖော်ဝါရီ ၄ ရက်နေ့အချိန်အထိ လေယာဉ်ဗုံး ပစ်ခတ်တိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန္နဝါရီ ၃၀ ရက်နေ့ကတည်းက မရှီကထောင် ဆုတောင်းတောင်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်ကာ တိုက်ခိုက်လာသောကြောင့် KIA တပ်ဖွဲ့နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ကာ စစ်တပ်က ယနေ့အထိလည်း လေယာဉ်ဗုံးပစ်ခတ်တိုက်ခိုက

Pajau Media
Feb 41 min read


ကချင်ပြည်နယ်တွင် လေယာဉ်ဗုံး၊ လက်နက်ကြီးငယ်များကြောင့် ဇန္နဝါရီလအတွင်း အပြစ်မဲ့ပြည်သူ (၂၃)ဦးသေဆုံး၊ (၃၅)ဦးထိခိုက်ဒဏ်ရာရ
ပါဂျောင်မီဒီယာ ၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာသောကြောင့် ဇန္နဝါရီလတွင်း ပြည်သူ(၂၃)ဦး အသက်သေဆုံးကာ၊ (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KHRWက ထုတ်ပြန်ထားသည်။ ဇန္နဝါ ၂၂ ရက် ညနေ ၄ နာရီခန့် ဗန်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ကောင်ဂျာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ ဆုတောင်းဝတ်ပြုနေချိန် စစ်တပ်၏ ဂျက်လေယာဉ်ဖြင့် ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြ

Pajau Media
Feb 31 min read


ဝိုင်းမော်စစ်မျက်နှာဘက်မှ စစ်တပ်စခန်း ၄ ခုကို KIA သိမ်းပိုက်
ပါဂျောင်မီဒီယာ ၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်များက စစ်ကောင်စီ တပ်စခန်း ၄ ခုထိ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ ဝိုင်းမော်မြို့နယ် မိုင်းနား-ဝါရှောင်သွားလမ်းနေရာနှင့် လမြန်ရွာအနီးပတ်ဝန်းကျင်တွင် ယမန်နေ့ကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်တပ်နေရာယူထားသည့် မိုင်းနားဒေသက စစ်တပ်စခန်း ၂ ခုနှင့် လမြန်ဒေသက စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခ

Pajau Media
Feb 31 min read


ဖားကန့်ဒေသဘက် လက်နက်ကြီးကြောင့် ပြည်သူထိခိုက်သေဆုံးမှု ထပ်မံဖြစ်ပွား
ပါဂျောင်မီဒီယာ ၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့တွင် ယနေ့ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ ထပ်မံထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၅ နာရီဝန်းကျင် အမှိုက်ပုံရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပြင် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ၁၁ နာရီဝန်းကျင်တွင်လည်း ကာလီချောင်းအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၁၃)နှစ်အရွယ

Pajau Media
Feb 31 min read


ဗလမင်းထင်တံတားအောက် ရေကြီးရေလျှံ ကာကွယ်မှု ခေါင်းစဉ်အောက်မှ ရွှေတူးဖော်နေဆဲ
ပါဂျောင်မီဒီယာ ၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတားကြီးအောက်တွင် ရေကြီးရေလျှံမှုကာကွယ်ရန်ဟူသည့် ခေါင်းစဥ်အောက်မှ ရွှေအများအပြား တူးဖော်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် ဗလမင်းထင်တံတားအောက် ဘတ်ဟိုးများနှင့် တူးနေပြီး မြေသား၊သဲကျောက်များကို တုံဖုံးကားများဖြင့်အပြင် မြေစာသယ်သည့် ကားကြီးများနှင့် သယ်ယူနေကြသည်ဟု ဆိုသည်။ “ကျွန်မတို့က ဆိုင်ဖွင့်ထားတော့ နေ့တိုင်းသဲကျောက်ကားအကြီးတွေ ဖြတ်သန်းနေတာ တွေ့နေတာပဲ။ ကားတစ်စီးသွားရင်ကို ဖုန်တွေအရမ်း

Pajau Media
Feb 31 min read


KIO မှ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန ဝန်ထမ်းသစ် ခေါ်ယူနေ
ပါဂျောင်မီဒီယာ ၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်ထားသော နယ်စပ်ဒေသနှင့် နေရာအသီးသီးသို့ တာဝန်ထမ်းဆောင်ရန် လူဝန်မှုကြီးကြပ်ရေးဌာန( Immigration )မှ အပတ်စဉ် (၁၆)အတွက် immigration တက်ရောက်သင်ကြားလိုသည့် သင်တန်းသားများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ အပတ်စဉ်(၁၆) ဖွင့်လှစ်သင်ကြားမည်ဖြစ်သောကြောင့် လူဝန်မှုကြီးကြပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်လိုသည့် လူငယ်များကို ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နာမည်စာရင်း ကောက်ခံသွားမည်ဖြစ်ကြောင်း စာထုတ်ပြန်ထားသည်။ တာဝန်ထမ်းဆ

Pajau Media
Feb 21 min read


ဝိုင်းမော်-လမြန်တိုက်ပွဲ ယနေ့မှစ၍ တစ်ဖန်ပြင်းထန်လာ
ပါဂျောင်မီဒီယာ ၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ် ဝိုင်းမော်-လမြန်တိုက်ပွဲမှာ ယနေ့နံနက် အစောပိုင်း ၆ နာရီခန့်ကတည်းက နှစ်ဖက်ထိတွေ့ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လမြန်ရွာအနီး နန့်ရင်းချောင်းတွင် စစ်တပ် ခြေကုတ်နေရာယူထားသည့် တပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ လမြန်တိုက်ပွဲအတွင်း စစ်တပ်က ဝိုင်းမော်ရှိ ခလရ (၅၈)နေရာနှင့် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာများမှ လက်နက်ကြီးများ ပစ်ကူတိုက်ခို

Pajau Media
Feb 21 min read


ကချင်ပြည်နယ်တွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ တစ်ပတ်တွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား
ပါဂျောင်မီဒီယာ ၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်၊ဗန်းမော်၊ ဝိုင်းမော်နှင့် တနိုင်းဒေသများတွင် ဇန္နဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ တစ်ပတ်တာအတွင်း ထိတွေ့တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIO သတင်းဌာနက ဖော်ပြထားသည်။ အလားတူ လက်နက်ကြီးဖြင့် (၃၂၉)ကြိမ်၊ ဒရုန်းဗုံးဖြင့်(၁၀)ကြိမ်နှင့် လေယာဉ်ဗုံး(၃၇)ကြိမ် ဖြစ်ပွားခဲ့သည်။ ယနေ့နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင်လည်း ဝိုင်းမော်စစ်မျက်နှာဘက် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြပြီး၊ ခြေလျှင်ဖြင့်လည်း ထိုးစစ်ဆင်တိုက်ခိ

Pajau Media
Feb 21 min read


ဖားကန့်-ငှက်ပျောတောရပ်ကွက်ရှိ စာသင်ခန်းတစ်ခန်း လက်နက်ကြီးကျ၍ ကလေးငယ်နှစ်ဦး ဒဏ်ရာရ
ပါဂျောင်မီဒီယာ ၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်ရှိ (အ.ထ.က)ကျောင်းမှ KG တန်းအဆောင်ပေါ်တွင် ယနေ့ဖေဖော်ဝါရီ ၂ ရက်နေ့ ၁၀ နာရီချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေပြောပြချက်အရ သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ဦး စသည့်ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်က ဇန္နဝါရီ ၃၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုး လှုပ်ရှားလာသောကြေ

Pajau Media
Feb 21 min read


အပတ်စဉ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၃၁ရက်၊ ဇန္နဝါရီလ၊၂၀၂၆ခုနှစ်။

Pajau Media
Jan 311 min read


မြစ်ကြီးနား-ခေမာသီရိရပ်ကွက်တွင် ကားတစ်စီး အခိုးခံခဲ့ရ
ပါဂျောင်မီဒီယာ ၃၀ရက်၊ဇန္နဝါရီ၊၂၀၂၆။ ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့တွင် သူခိုးဓားပြမှု များပြားနေပြီး ယမန်နေ့ ဇန္နဝါရီ ၂၉ ရက်နေ့တွင်လည်း ခေမာသီရိရပ်ကွက်တွင် ပစ္စည်းဝင်ယူချိန် ကားတစ်စီးအခိုးခံခဲ့ရကြောင်း မျက်မြင်တွေ့သူတစ်ဦး ပြောပြချက်အရ သိရသည်။ “သူက ပစ္စည်းလာဝယ်ရင်းဖြစ်သွားတာ၊ သူကလည်း ခဏလေးဆိုပြီး ကားကိုတံခါးသော့ ပိတ်ထားတယ်၊ သော့တော့တန်းလန်း ထားထားတာ နေမှာပေါ့၊ အဲ့တာကို သူခိုးကဝင်ပြီး မောင်းသွားတာ၊ သူခိုးကစောင့်နေတာ ထင်တယ်။ လိုက်တော့ လိုက်တယ် မမိလိုက်ဘူး။” ဟု

Pajau Media
Jan 301 min read
bottom of page